

Reborn Rookie
신입사원 강회장
DramaSci-Fi & Fantasy
"Starting over from the bottom of my own company."
Reborn Rookie (2026)
************************
အပိုင်းသစ် (2)
2022 ခုနှစ်တုန်းက ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Reborn Rich ရဲ့ မူရင်းဝတ္ထုစာရေးဆရာ San Kyeong
ရေးသားတဲ့ Web Novel ကို အခြေခံရိုက်ကူးထားတဲ့ ဒရမ်မာသစ်လေး ထွက်ရှိလာပါပြီ။
Main Cast များအနေနဲ့ When Life Gives You Tangerines ထဲက မင်းသား Lee Jun-Young,
Twenty Five Twenty One ထဲက မင်းသမီး Lee Ju-Myoung, Not Others ထဲက
မင်းသမီး Jeon Hye-Jin, Descendants of The Sun ထဲက မင်းသား Jin Goo နဲ့
The WONDERfools ထဲက မင်းသားကြီး Son Hyun-Joo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
- ဇာတ်လမ်းအကျဉ်း -
စီးပွားရေးလောကရဲ့ နတ်ဘုရားလို့ တင်စားခံထားရတဲ့ ချွဲဆောင်းလုပ်ငန်းစု ဥက္ကဌ ဂန်ယုံးဟို
(Son Hyun-Joo) ဟာ လူငယ်လေးတစ်ယောက်နဲ့ ခေါင်းချင်းတိုက်မိရာကနေ
ခန္ဓာကိုယ်ချင်းလဲသွားပြီး သူ့ရဲ့ မူလခန္ဓာကိုယ်ကတော့ ကိုမာအခြေအနေ ဖြစ်သွားခဲ့ရပါတယ်။
အဲဒီလူငယ်လေးကတော့ တခြားမဟုတ်ဘဲ သူ့ရဲ့ အမြွှာသားသမီး နှစ်ယောက်ဖြစ်တဲ့ ဂန်ဂျယ်ဂယောင်း
(Jeon Hye-Jin) နဲ့ ဂန်ဂျယ်ဆောင်း (Jin Goo) တို့ ကျူးလွန်ခဲ့တဲ့ ကားတိုက်ပြေးမှုကြောင့်
ဘောလုံးကစားသမားဘဝ အဆုံးသတ်သွားခဲ့ရတဲ့ ဟွမ်ဂျွန်ဟျွန်း (Lee Jun-Young) ဆိုသူပါပဲ။
အမွေဆက်ခံသူကို မကြေညာရသေးတဲ့ ဥက္ကဌဂန်က အခုထိ အဆင်သင့်မဖြစ်သေးတဲ့
မိသားစုဝင်တွေလက်ထဲ ကုမ္ပဏီကို မအပ်လိုက်နိုင်တာကြောင့် ဝန်ထမ်းသစ်လေး
ဟွမ်ဂျွန်ဟျွန်းအဖြစ်နဲ့ ချွဲဆောင်းလုပ်ငန်းစုထဲ အလုပ်ဝင်လာတဲ့အခါမှာတော့...
အေးချမ်းခြင်းကင်းမဲ့နေတဲ့ ချွဲဆောင်းလုပ်ငန်းစု မိသားစုဝင်တွေကြားက အာဏာလုပွဲရဲ့ အဆုံးမှာ
ဘယ်သူက အာဏာကို အပိုင်သိမ်းနိုင်သွားမှာလဲဆိုတာကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း
စောင့်မျှော်အားပေးကြပါဦးနော်။
Aired: May 30, 2026 - Jul 5, 2026
Aired On: Saturday, Sunday
Genres: Mystery, Business, Comedy, Fantasy
Episodes: 12
Original Network: JTBC
Download Links
Season 12 Episodes
⌄