
Pull Strings
师兄太稳健
ComedySci-Fi & FantasyAction & Adventure
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ လေပေါ်ပျံဝဲ သိုင်းနတ်ကားလေးပါ။ ဒီစီးရီးလေးက နာမည်ကျော်စာရေးဆရာ Yan Gui Zheng Zhuan ရဲ့နာမည်ကြီးဝတ္ထုဖြစ်တဲ့ 我师兄实在太稳健了
ဝတ္ထုကိုမှီငြမ်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကလည်း တရုတ်နတ်ဘုရားဒဏ္ဍာရီတွေထဲက နာမည်ကျော် Fengshen Yanyi နောက်ခံဖြစ်တာမို့ ကျင့်စဉ်လောကအငွေ့အသက်တွေ အပြည့်ပါဝင်ပါတယ်။
ဒီစီးရီးမှာ ပုံမှန်လို ML တစ်ယောက် FML တစ်ယောက်မဟုတ်ဘဲ မချောတစ်ယောက် ကိုနှစ်ယောက်ပါမှာပါ။ အဓိကဇာတ်ကောင်တွေအဖြစ်
The Coroner's Diary နဲ့ Moonlight Mystique မှာ ပါဝင်ခဲ့တဲ့ ကိုကို Ao Rui Peng၊ The Blossoming Love မှာ ရဲရဲနီခဲ့တဲ့ မမလှလှလေး Sun Zhen Ni နဲ့ Whispers of Fate မှာ MC အဖြစ်ပါဝင်ခဲ့တဲ့ ကောင်ချောလေး Ao Zi Yi တို့က ကမ်မီရော ရူပပါမိနေအောင် ပါဝင်ထားကြပါတယ်။
နတ်ဘုရားရာထူးခန့်အပ်ပွဲဆိုင်ရာ ယှဉ်ပြိုင်ပွဲကြီးမတိုင်မီ ရှေးဟောင်းခေတ်ဦးမှာ ဘဝသစ်နဲ့ ပြန်လည်နိုးထလာခဲ့သူ လီချန်ရှို့ဟာ အထုံပါရမီလုံးဝမပါတဲ့ သာမန်ကျင့်ကြံသူလေးတစ်ယောက်ပါ။ သူဟာ ကြီးမားတဲ့ကံကြမ္မာနဲ့ မွေးဖွားလာတာမျိုးမရှိသလို ကြီးမားတဲ့ဘေးဒုက္ခတွေ ရင်ဆိုင်ရဖို့လည်း မရှိပါဘူး။ သူ့ရဲ့တစ်ခုတည်းသောအိပ်မက်ကတော့ ဒီရက်စက်လှတဲ့လောကကြီးထဲမှာ အသက်ရှည်တဲ့ကျင့်ကြံသူတစ်ယောက်အဖြစ် အေးအေးဆေးဆေးနေသွားဖို့ပါပဲ။ ဒါပေမဲ့ ရက်စက်လှတဲ့လောကအလယ်မှာ ရှင်သန်နိုင်ဖို့အတွက် လီချန်ရှို့ဟာ ကြမ္မာရဲ့ဖိနှိပ်မှုမခံရအောင် မကောင်းတာအကုန်လုံးကို ရှောင်ရှားခဲ့ပါတယ်။ ဘာလို့ဆို သတ်ဖြတ်ခြင်းက ရန်ငြိုးရန်စတွေကိုပဲ မွေးဖွားပေးတာမို့လို့ပေါ့။
ဒါကြောင့်မို့လို့ သူဟာ ဘာပဲလုပ်လုပ် မလုပ်ခင်မှာ အကွက်စိပ်စိပ်နဲ့ သေချာတွက်ချက်ပြီး ကြိုတင်ပြင်ဆင်လေ့ရှိပါတယ်။ အန္တရာယ်ရှိတဲ့အခြေအနေတွေဆီကို လုံးဝမသွားဘဲ အစွမ်းထက်ဝှက်ဖဲတွေကို ဖုံးကွယ်ထားပြီး ထွက်ပြေးလွတ်မြောက်နိုင်တဲ့ဗျူဟာတွေကိုလေ့ကျင့်ခဲ့ပါတယ်။ နောက်ပြီး အဆိပ်ဆေးပြားတွေကို ဖော်စပ်တယ်။ အဲလိုကနေ နက်နဲတဲ့ပညာရပ်တွေကို ကျွမ်းကျင်အောင်သင်ယူခဲ့ပါတော့တယ်။ မလှုပ်ရှားခင်မှာ တည်ငြိမ်လွန်းတဲ့အမူအရာကို ပြထားတတ်ပေမဲ့ သူ့လှုပ်ရှားမှုတိုင်းကတော့ လောကမြေမဟီကို တုန်လှုပ်သွားစေလောက်တဲ့အထိ ကြီးမားလှပြီး ကိစ္စပြီးတာနဲ့ သူဟာ အရိပ်အယောင်တောင်မကျန်ရစ်ဘဲ အစအနမရှိ ပျောက်ကွယ်သွားတတ်ပါတယ်။
လီချန်ရှို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ တောင်ပေါ်မှာပဲ တိတ်တဆိတ်ပုန်းကွယ်နေပြီး နတ်ဘုရားဖြစ်တဲ့အထိ ကျင့်ကြံဖို့ပါ။ ဒါပေမဲ့ တစ်နှစ်မှာတော့ အရာရာဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ ဆရာဖြစ်သူက သူတို့ရဲ့ဘဝကြီးက ငြိမ်သက်လွန်းနေတယ်လို့ ထင်သွားပုံရပြီး ဆရာတူညီမလေးတစ်ယောက်ကို ခေါ်ဆောင်လာခဲ့တဲ့အခါမှာတော့ ဘယ်လိုမျိုးစုံကြိုးခုန်ရမလဲဆိုတာ တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့လီချန်ရှို့ကလည်း တကယ်တမ်းမှာ အလွန်စွမ်းအားကြီးတဲ့ဝှက်ဖဲပေါင်းစုံကိုပိုင်ဆိုင်ထားလို့ ကြည့်ရတာ အရမ်းဇာတ်ရှိန်တက်သလို ရယ်စရာအလွဲတွေကြောင့် ဘဝအမောပြေစေမှာ အသေအချာပါပဲနော်။
Total Episodes : 30
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Fantasy
Runtime :45 min
Subtitle : Myanmar Subtitle ( Hardsub )
Download Links
Season 112 Episodes
⌄