OK! Let's Get Divorced

OK! Let's Get Divorced

그래, 이혼하자

★ 8.5📅 2026👥 4480 votes
DramaFamilyComedy
OK! Let's Get Divorced (2026) **************************** အပိုင်းသစ် (၁) တစ်ယောက်ကိုတစ်ယောက် မုန်းလို့ မဟုတ်ဘဲ ပင်ပန်းလွန်းလို့ လမ်းခွဲချင်ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ ရယ်စရာ၊ ဝမ်းနည်းစရာနဲ့ တလွဲဟာသလေးတွေကို မျှမျှတတကြည့်ရမယ့် Rom Com ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ဒီကားထဲမှာတော့ Monthly Magazine Home မှ မင်းသား Kim Ji Suk နဲ့ Villains ဇာတ်ကားမှ မင်းသမီး Lee Min Jung တို့ အဓိကပါဝင်ထားပြီး တခြား သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ***************** ငယ်စဉ်က အဖေဖြစ်သူ ဝတ်စုံဆိုင်ဖွင့်ထားတာကို ကြည့်ရင်း Baek Mi Young (Lee Min Jung) ဟာ အမျိုးသမီး အပ်ချုပ်သမားတစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးစလုံးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ အလုပ်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ရင်း မင်္ဂလာဝတ်စုံဆိုင်တစ်ခုမှာ အတူတူအလုပ်လုပ်နေတဲ့ ဒီဇိုင်နာ Ji Won Ho (Kim Ji Suk) နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Won Ho ကလည်း Mi Young ကို မြင်မြင်ချင်း သဘောကျမိသွားပြီး ချစ်သူဖြစ်ပြီး ၆ လအကြာမှာ လက်ထပ်ခဲ့ပြီးနောက် နှစ်ယောက်အတူတူ G&White ဆိုတဲ့ မင်္ဂလာဝတ်စုံကုမ္ပဏီကို တည်ထောင်ပြီး အလုပ်နဲ့ဘဝကို အတူတူ တည်ဆောက်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ပြဿနာကြီးကြီးမားမားမရှိဘဲ အဆင်ပြေချောမွေ့ခဲ့ပေမဲ့ အိမ်ထောင်သက် ၄ နှစ်မြောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ အက်ကြောင်းတွေ စတင်ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ “ကွာရှင်းကြရအောင်” ဆိုတဲ့အခြေအနေအထိ ရောက်ရှိလာပါတော့တယ် …။ တခြားသောဇနီးမောင်နှံတွေရဲ့ အချစ်ခရီးလမ်းအစကို မင်္ဂလာဝတ်စုံတွေနဲ့ လှပအောင် ဖန်တီးပေးနေကြတဲ့ သူတို့ဇနီးမောင်နှံဟာ သူတို့ရဲ့ ကိုယ်ပိုင် အိမ်ထောင်ရေးကရော ဒီလိုနဲ့ပဲ အဆုံးသတ်သွားတော့မှာလား… ဒါမှမဟုတ် တစ်ချိန်က အတူတူတည်ဆောက်ခဲ့ကြတဲ့ အချစ်နဲ့ အိမ်ထောင်ရေးကို ပြန်လည်ဆုပ်ကိုင်နိုင်ကြမလားဆိုတာကိုတော့ ရှုစားကြည့်လိုက်ပါဦးနော် .. ။ Episodes: 12 Aired: Aug 19, 2026 Aired On: Wednesday, Thursday Original Network: MBC Genres: Comedy, Romance, Drama

Download Links

Season 12 Episodes