
Jet Lag
เจ๊ทแหลก
Comedy
"ဝေဟင်ပေါ်က ပြိုင်ဘက်များ" (၂၀၂၅)
=========================
ဖွမ်လေကြောင်းဟာ ကမ်မူလပ်လေကြောင်းထွက်ပေါ်မလာခင်အထိ အမြဲတမ်း ရန်သူမဲ့ နံပါတ်တစ်ဆွတ်ခူးခဲ့ပေမဲ့ ကမ်မူလပ်လေကြောင်းလိုင်းထွက်ပေါ်လာပြီးနောက် ဖွမ်လေကြောင်းလိုင်းက တဖြည်းဖြည်း စီးပွားရေးကျဆင်းပြီး အဆင့်ကျလာခဲ့ပါတယ်
ဖွမ်လေကြောင်းလိုင်းက ဝန်ထမ်းတွေဟာလည်း ကမ်မူလပ်လေကြောင်းလိုင်းဘက်ကို ပြောင်းရွှေ့သွားကြပါတယ် ကမ်မူလပ်လေကြောင်းလိုင်းက ပုံမှန်ထက်ကြီးထွားနေပြီး မထင်မှတ်လောက်အောင် စီးပွားဖြစ်ထွန်းနေတော့ မှောင်ခိုလုပ်ငန်းများ လုပ်နေမှာလားဆိုပြီး သံသယဝင်ခဲ့ပါတယ်
ဒါကြောင့် ပြိုင်ဘက်ရဲ့အခြေအနေကို သိစေဖို့ ဂီထာကိုလွှတ်ပြီး ဘယ်သူမှမမြင်ဖူးတဲ့သူဌေးရဲ့မျက်နှာကို စုံစမ်းရင်း လေကြောင်းလိုင်းရဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုများ စိတ်လှုပ်ရှားဖွယ် ရှာတွေ့သွားမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါဦးရှင်....
"ဝေဟင်ပေါ်က ပြိုင်ဘက်များ" အတွဲ (၂) (၂၀၂၆)
=================================
ကမ်မူလပ်လေကြောင်းလိုင်းဟာ ခရီးသည်များအတွက် ပိုမိုအဆင့်မြင့်ပြီး ဇိမ်ခံဝန်ဆောင်မှုများပေးနိုင်ဖို့ First Classစနစ်ကို စတင်လိုက်သောအခါမှာ လေယာဉ်ဝန်ထမ်းများအကြား ပြိုင်ဆိုင်မှုများလည်း ပိုမိုပြင်းထန်လာတော့တယ်
Luxury service ရဲ့နောက်ကွယ်မှာတော့ မနာလိုမှုများ၊ အုပ်စုဖွဲ့ပဋိပက္ခများ၊ မျှော်လင့်မထားသော အချစ်ရေးပြဿနာများနှင့် လျှို့ဝှက်ချက်များတစ်ခုချင်းစီ ပေါ်ထွက်လာပါတော့တယ်
လေယာဉ်ပေါ်က ခရီးစဉ်တိုင်းဟာ အလုပ်တာဝန်တစ်ခုတည်းမဟုတ်တော့ဘဲ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်၊ သည်းခံနိုင်စွမ်းနှင့် အရည်အချင်းကိုပါ စမ်းသပ်တဲ့နေရာဖြစ်လာခဲ့တယ်
နောက်ဆုံးမှာတော့ ဒီပြိုင်ပွဲကြီးထဲက ဘယ်သူက တကယ့် First Class star ဖြစ်မလဲ...
ဘယ်သူက ကိုယ့်အိပ်မက်ကို လက်လွှတ်ပြီးအိမ်ပြန်ရမလဲ...ဆိုတာ စောင့်ကြည့်ရမဲ့ရင်ခုန်စရာကားလေးပဲဖြစ်ပါတယ်
Download Links
Season 124 Episodes
⌄Season 218 Episodes
⌄