
Brothers
สองหัวใจ
Drama
စတေးခံ နှလုံးသား (၂၀၂၆)
*********************
"ချစ်ရတဲ့ ခင်ပွန်းသည်အတွက် အသက်စွန့်မလား... ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ ငယ်ချစ်ဦးဆီ ပြန်သွားမလား..."
ကဲ... ထိုင်း Drama အလန်းစားလေးတွေ မျှော်နေတဲ့ ပရိသတ်ကြီးအတွက် အချစ်၊ သစ္စာဖောက်မှုနဲ့ အက်ရှင်တွေ ရောမွှေထားတဲ့ Channel 3 က ဇာတ်လမ်းတွဲသစ်ကြီး "Brothers" (၂၀၂၆) နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
cast တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း James Ma နဲ့ P’Bear တို့ Top မင်းသားနှစ်လက် အပြိုင်ကြဲမဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါပဲ။
ဇာတ်လမ်းကတော့ လက်ဝှေ့သမား ဒုမ်ဟာ နိုင်ငံတစ်ဝှမ်းက ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့ သြဇာကြီးခေါင်းဆောင် အုပ်ရဲ့ အင်ပါယာထဲကို လျှို့ဝှက် ဝင်ရောက်စုံစမ်းရာကနေ စတင်ပါတယ်။
မစ်ရှင်က တဖြည်းဖြည်း အန္တရာယ်များလာတဲ့အခါမှာတော့ ဒုမ်ရဲ့ ဇနီးဖြစ်သူ ကျွမ်းကျင်တဲ့ ရဲမေ ဖွန်ဟာ ခင်ပွန်းဖြစ်သူကို ကယ်တင်ဖို့အတွက် အုပ်ရဲ့ အန္တရာယ်များတဲ့ ကမ္ဘာထဲကို ကိုယ်တိုင် ဝင်ရောက်လာပါတော့တယ်။
ဒါပေမဲ့ ကံကြမ္မာက ဆန်းကြယ်စွာနဲ့ပဲ... အဲဒီလို ဝင်ရောက်သွားချိန်မှာ ဖွန် တွေ့လိုက်ရတဲ့ ဂိုဏ်းခေါင်းဆောင် အုပ်ဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ပျောက်ဆုံးသွားခဲ့ပြီး အခုချိန်မှာ အတိတ်က အချစ်တွေကို ပြန်လည်အသက်သွင်းချင်နေတဲ့ သူ့ရဲ့ 'ငယ်ချစ်ဦး' ဖြစ်နေတဲ့အခါ...
အချစ်နဲ့ သစ္စာဖောက်မှုတွေရဲ့ ပင့်ကူအိမ်ထဲမှာ ပိတ်မိနေတဲ့ ဖွန်တစ်ယောက် သူ့ကို ပုံစံမတူဘဲ ချစ်ကြတဲ့ အမျိုးသားနှစ်ယောက်ကြားမှာ ဖြစ်နိုင်ခြေမရှိတဲ့ ရွေးချယ်မှုကြီးကို ဘယ်လို ရွေးချယ်ရမလဲ။
ဒီကြားထဲမှာ သူ့ရဲ့ အာဏာကို ခြိမ်းခြောက်လာသူ မှန်သမျှကို ရှင်းထုတ်ဖို အရိပ်ထဲကနေ ချောင်းမြောင်းနေတဲ့ ရက်စက်တဲ့ ရဲအရာရှိ ချမ့် ကလည်း ရှိနေသေးတော့ ဇာတ်လမ်းက ပိုပြီး ရှုပ်ထွေးလာတဲ့အချိန်...
မြှုပ်နှံထားတဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာတဲ့အခါ သူတို့ ၃ ယောက်ရဲ့ ဘဝတွေကို ထာဝရပြောင်းလဲသွားစေမဲ့ အသက်လုပွဲ ထိပ်တိုက်ရင်ဆိုင်မှုကြီးကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ အချစ်၊ အမုန်း နဲ့ သည်းထိတ်ရင်ဖို Drama ကောင်းကောင်း ကြည့်ချင်သူတွေအတွက်တော့ အခုပဲ ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ။
Download Links
Season 13 Episodes
⌄