Advertisement
Beyond Time's Gaze

Beyond Time's Gaze

光阴之外

★ 10.0📅 2025👥 1 votes
AnimationSci-Fi & Fantasy
ကမ္ဘာကြီးရဲ့အထက်မှာ အိပ်စက်နေတယ်လို့ ယုံကြည်ခဲ့ကြတဲ့ နတ်ဘုရားတစ်ပါး... ရုတ်တရက် နိုးထလာတဲ့အခါ၊ သူရဲ့အကြည့်တစ်ချက်က မြို့ပြတစ်ခုလုံးကို ပြာပုံအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သွေးမိုးတွေရွာသွန်းပြီး ထူးဆန်းတဲ့အငွေ့အသက်တွေနဲ့ ဖုံးလွှမ်းသွားတဲ့ တားမြစ်နယ်မြေထဲမှာတော့ နေ့ဘက်မှာ သားရဲကောင်တွေ၊ ညဘက်မှာ သရဲတစ္ဆေတွေ လွှမ်းမိုးခြယ်လှယ်နေကြတယ် ဒီပျက်စီးနေတဲ့ကမ္ဘာ၊ ဒီငရဲလိုနေရာမှာ လူငယ်လေး "ရွှီချင်" တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်။ သူ့ပတ်ဝန်းကျင်မှာ အသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်နေတဲ့ တောရိုင်းဥပဒေနဲ့ အသက်ရှင်နေတဲ့ အမှိုက်ကောက်သမားတွေနဲ့ ပြည့်နှက်နေတယ် ရှင်သန်ဖို့ဆိုတာ ခွန်အားနဲ့ ဉာဏ်နီဉာဏ်နက်ကိုသာ အားကိုးရမယ့် ကမ္ဘာမှာ ရွှီချင်တစ်ယောက် ဘယ်လိုဆက်လက်ရှင်သန်မလဲ လျှို့ဝှက်ဆန်းကြယ်တဲ့ "ခရမ်းရောင်ကျောက်" တစ်တုံးနဲ့ အစွမ်းထက်တဲ့ "ပင်လယ်တောင်တန်းသိုင်းကျမ်း" ကို ရှာဖွေတွေ့ရှိခဲ့ခြင်းက သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မလား။ ဒါမှမဟုတ် ဒီအရာတွေကပဲ သူ့ကို ပိုကြီးမားတဲ့ အန္တရာယ်တွေဆီ တွန်းပို့နေမလား ရှင်သန်လိုစိတ်တစ်ခုတည်းနဲ့ အရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရမယ့် လူငယ်လေးတစ်ယောက်ရဲ့ သွေးစွန်းသောခရီးလမ်းကို သည်းထိတ်ရင်ဖို ကြည့်ရှုလိုက်ကြပါစို့ Total Episodes : 26 Quality : WEB-DL 4K HEVC , 1080p HEVC Format : mkv/mp4 Genres : Animation and Sci-Fi & Fantasy Runtime : 25 min Subtitle : Myanmar Subtitle ( Hardsub )
Advertisement

Download Links

Season 126 Episodes
Advertisement