War Dogs (2016)

Genres: Drama · Crime · Comedy
War Dogs (2016) IMDb Rating (7.1) / Rotten Tomatoes (62%) ဒီကားဟာ ထူးခြားတဲ့ ပေါင်းစပ်မှုကားလေးပါ။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ Hot Shot ကားလို စစ်ကားဟာသလိုင်းလေး ဖြစ် ပါတယ်။ ဟောလိဝုဒ်မှာ Genre ကို တစ်မျိုးတစ်စားတည်း မလုပ်ကြတော့ဘဲ Multi တွေ လုပ်လာကြတယ်။ ဘယ်လိုလဲဆိုတော့ ဟာသဆိုရင် လည်း ဟာသတစ်ခုတည်း မဟုတ်ဘဲ အချစ်လေးပါထည့်ပြီး comedy romance လေးတွေ လုပ်ကြတယ်။ ဥပမာ ကိုရီးယားနိုင်ငံရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတွေလိုပေ့ါ။ ဟာသသရဲကား၊ ဟာသအက်ရှင်ကား စသဖြင့် အစုံပေါင်းစပ်ပြီး ပရိသတ်စိတ်ဝင်စားလာအောင် လုပ်ကြတယ်။ ဒီတစ်ပတ်မှာတော့ ပေ့ါပေါ့ပါးပါးအနေနဲ့ ဟာသအက်ရှင်၊စစ်ကားလေးကို ဖော်ပြလိုက်ရပါတယ်။ War Dogs ... မြန်မာလိုဘာသာပြန်ရင် လက်နက်ရောင်းဝယ်သူလို့ အမည်ရပါတယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Documentary အမျိုးအစားဖြစ်ပြီး ထူးခြားတာက ပျင်းစရာမကောင်းတာပါပဲ။ တစ်ခြားသော ဇာတ်ကားအမျိုးအစားတွေနဲ့ မတူပဲ တစ်ကားလုံး စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိဆွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းကြောရိုးကတော့ မိုင်ယာမီမှာ သမရိုးကျ အနှပ်သည်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူငယ်လေးတစ်ယောက်ဟာ မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာတဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းမိပြီး အန္တရာယ်များတဲ့ လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို ခြေချမိရာကနေပြီး သူမမျှော်မှန်းထားတဲ့ အခြေအနေကို ရောက်ရှိသွားတာကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်အားလုံးကလည်း လူငယ်တွေပေမယ့် အရမ်းပီပြင်ပြီး ဆုံးခန်းတိုင်အောင် စွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ ဂျိုးနာ့ဟီလ် ဒီကားမှာ ဟာသသရုပ်ဆောင်ဖြစ်တဲ့ ဂျိုးနာ့ဟီလ်အပြင် ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဟာသကား Hangover ထဲက မင်းသားချော ဘရက်ဒလေကူးပါးလည်း ပါဝင်ထားတယ်။ ဒါပေမဲ့ အဓိက သရုပ်ဆောင်ကတော့ ဟာသ သရုပ်ဆောင်…