Vanishing Point (2026)

Vanishing Point

Genres: Mystery · Thriller · Crime

ဒီတလော ဇာတ်လမ်းတွေထဲမှာပဲ မြင်ဖူးကြားဖူးခဲ့ရတဲ့ တစ်ကိုယ်ရေလုံခြုံရေး၊ မိသားစုလုံခြုံရေး၊ နေအိမ်ဖောက်ထွင်းခိုးယူခံရမှု စတဲ့ သတင်းတွေကို အများကြီးကြားနေရမယ်ထင်ပါတယ်။ ဒါကြောင့် အားလုံးလည်း သတိနဲ့နေကြဖို့ စကားလက်ဆောင်ပေးရင်း၊ ဒီအကြောင်းအရာတွေနဲ့ တိုက်ဆိုင်ပြီး စဉ်းစားစရာတွေ အများကြီးပေးမယ့် ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်...ဒီကားလေးမှာတော့... သမာရိုးကျအလုပ်လုပ်ပြီး သမာအာဇီဝနဲ့ ဝင်ငွေရှာရတာ သူဌေးဖြစ်ဖို့ နှေးလွန်းတယ်လို့ထင်ပြီး လောင်းကစားနဲ့ အမြန်ချမ်းသာချင်တဲ့ လူတစ်ယောက်...။ နောက်ဆုံးမှာတော့ မိန်းမကလည်း ကွာရှင်းသွား၊ ကလေးကလည်း စွန့်ခွာသွားပြီး အဖေကြီးရဲ့ ပင်စင်လစာကိုတောင် ပြန်မှီခိုစားသောက်ဖို့ ကြိုးစားနေရတဲ့ လောင်းကစားသမားတစ်ယောက်ရဲ့ ဘဝကို မြင်တွေ့ရမှာပါ။ တစ်ဖက်မှာလည်း လုံခြုံရေးထက် ကုန်ကျစရိတ်ကိုပဲ ဦးစားပေးပြီး ဈေးပေါတဲ့ CCTV တပ်ဆင်ထားတဲ့အတွက် လှေကားအတက်အဆင်း ၂-၃ မိနစ်အတွင်း ပျောက်ဆုံးသွားတဲ့ ကလေးတစ်ယောက်ကိုတောင် ဘယ်လိုမှ ခြေရာမခံနိုင်ခဲ့တဲ့ သားပျောက်မိဘနှစ်ပါးရဲ့ ရင်နာစရာအဖြစ်ကိုလည်း တွေ့ရမှာပါ။ နောက်ထပ် တစ်ခုကတော့... တစ်ယောက်တည်း ရဲရဲတင်းတင်း တိုက်ခန်းမှာ နေထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ ညဘက်မှာ ဘယ်သူမှန်းမသိတဲ့သူရဲ့ မေ့ဆေးအတိုက်ခံရပြီး၊ မိန်းမသားတစ်ယောက်အတွက် အဖိုးတန်ဆုံး အသွေးအသားဂုဏ်သိက္ခာကို အဓမ္မလုယူခံခဲ့ရပါတယ်။ ဒါပေမယ့် "ရဲတိုင်လိုက်ရင် လူသိသွားပြီး ညီမလေးရဲ့ သိက္ခာကျသွားမယ်" ဆိုတဲ့ ရေးရိုးစွဲအတွေးနဲ့ ရုန်းကန်နေတဲ့ မောင်နှမနှစ်ယောက်ရဲ့ အဖြစ်ကလည်း ရင်ထဲထိစေမှာပါ။ဒီဇာတ်ကားရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့... ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ဘဝတွေဟာ မြှုပ်ကွက်လေးတွေနဲ့ တစ်ဖြည်းဖြည်း ချိတ်ဆက်လာပြီး၊ အဆုံးမှာ အရာအားလုံးဟာ အဓိပ္ပာယ်ရှိရှိ ဆုံစည်းသွာ…

You May Also Like