Tripping With My Family (2026)

Tripping With My Family

Genres: Family · Comedy

Tripping With My Family (2026) ခေတ် လူငယ်တွေရဲ့ အလုပ်အကိုင် အိပ်မက်နဲ့ မိသားစုကြားက ပဋိပက္ခတွေကိုသဘာဝကျကျရိုက်ပြထားတဲ့ ဗီယက်နမ် Comedy / Drama ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရည်မှန်းချက် ကြီးမားပြီး အောင်မြင်ချင်စိတ် အပြည့်ရှိတဲ့ စတက်အပ်ဖောင်ဒါ မိန်းကလေး "ဖူးအွန်း" (Phương) အကြောင်းကနေ စတင်ထားတာပါ။ သူမဟာ သူမရဲ့ စတက်အပ် လုပ်ငန်းအတွက် အရေးပါလှတဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ငွေကြေး ထောက်ပံ့မှု ရရှိဖို့အတွက် အသည်းအသန် ကြိုးစားနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ရဖို့အတွက် ဖူးအွန်းဟာပျက်စီးနေတဲ့ သူမရဲ့ မိသားစုကြီးကို စည်းလုံး သာယာနေတဲ့ "ပြီးပြည့်စုံသော မိသားစု" အဖြစ် ဟန်ဆောင်ပြီး အတူတကူ ခရီးတစ်ခု ထွက်ပြဖို့ ဖန်တီးလိုက်ရပါတော့တယ်။ ရယ်စရာရော စိတ်ညစ်စရာပါ ကောင်းလှတဲ့ ဒီဟန်ဆောင် ခရီးစဉ်အတွင်းမှာ... မိသားစုဝင်တွေကြားက သဘောထား ကွဲလွဲမှုတွေကို ကျော်လွှားပြီး ပျက်စီးနေတဲ့ သံယောဇဉ်တွေကို ပြန်လည် ပြုပြင်ရင်း သူမရဲ့ စတက်အပ် အိပ်မက်ကိုရော အောင်မြင်အောင် ဆုပ်ကိုင်နိုင်မလားဆိုတာကို ရင်ခုန်စရာ ကြည့်ရမှာ ဖြစ်ပါတယ်။

You May Also Like