To Me, the One Who Loved You (2022)

Genres: Romance · Science Fiction · Animation
To Me, the One Who Loved You (2022) IMDB – 6.9/10, MyAnimeList – 7.4/10 ဒီကားကို မကြည့်ခင် ပထမဦးဆုံးပြောချင်တာကတော့ သူနဲ့အတူတူ တွဲထွက်လာတဲ့ အမွှာရုပ်ရှင် “To Every You I've Loved Before” ကို ပစ်ပယ်ထားလို့မရပါဘူး ဘာလို့လဲဆိုတော့ သူတို့နှစ်ကားက အလင်းနဲ့အမှောင်လို ဟန်ချက်ညီစွာ ယှဉ်တွဲနေလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ တစ်ခုမေးစရာရှိတာက ဒီနှစ်ကားကို ဘယ်ကားအရင်စကြည့်ရမလဲဆိုရင် ကြက်ဥနဲ့ ကြက်ပြဿနာလို ဖြစ်နေမှာပါ။ ဆိုတော့ကား ပရိသတ်တို့ စိတ်ကြိုက်သာ ကြည့်ကြပါ ဘယ်လိုနေနေအဆင်ပြေပါတယ်။ ဒီ Anime နှစ်ကားတွဲရုပ်ရှင်လေးကတော့ ဂျပန်ရိုးရာမူမပြတ် Multiverse လိုအပြိုင်ကမ္ဘာနဲ့သက်ဆိုင်တဲ့ ထူးဆန်းထွေလာ အယူအဆအကြောင်းအရာတွေကို လူလိုနားမလည်နိုင်အောင် ထည့်ထားပြီး ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားတာပါ။ ဒီကားလေးတွေကို ကြည့်မိတော့ တစ်ခုပြေးမြင်မိတာ အဆိုတော်မင်းသား Jared Leto သရုပ်ဆောင်ထားတဲ့ Mr. Nobody ဆိုတဲ့ ရုပ်ရှင်ကိုပဲ။ အဲဒီကားမှာဆို လူသားတစ်ယောက်ရဲ့ဘဝတစ်ခုမှာ ရွေးချယ်မှုလေးတစ်ခုပြောင်းသွားတာနဲ့ နောက်ဆက်တွဲအကျိုးဆက်က မတူညီတော့တဲ့အကြောင်းကို မော်ဒန်ဆန်ဆန် တင်ပြထားတာပါ။ ဒီကားမှာလည်း ထိုနည်း၎င်းပေါ့လေ… ယခုဒီကားမှာဆို မင်းသားက ကွာရှင်းထားတဲ့ မိဘနှစ်ယောက်ကြား အဖေဘက်ကို လိုက်သွားတဲ့ဇာတ်ကြောင်းဖြစ်ပြီး သူ့အမွှာဖြစ်တဲ့ ဟိုကားမှာကျ အမေဘက်ပါသွားတဲ့ကားလို့ အကျဉ်းချုံးယူဆလို့ရပါမယ်။ သူ့အယူအဆ သီအိုရီသဘောတွေကတော့ ကျွန်တော်တို့အနားမှာတင် သိပ်ပြီး ကွာခြားချက်မကြီးမားတဲ့ အပြိုင်ကမ္ဘာလေးတွေ များစွာရှိနေတယ်ပေါ့လေ။ ဥပမာဆို မနက်စာကို ဒီဘက်ကမ္ဘာမှာ ရှမ်းခေါက်ဆွဲစားပြီး ဟိုဘက်မှာကျ မြီးရှည်စားတယ်ဆိုတာမျိုး။ ကဲ ဒါဆို ဇာတ်လမ်းအကျဉ်းလေးက မင်းသားဖြစ်တဲ့ Koyomi ဆိုတဲ့ကောင်လေးက ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ အပြိုင်ကမ္ဘာနဲ့ ပတ်…