The Second Child (2026)

The Second Child

Genres: Mystery · Fantasy · Horror · Thriller

The Second Child (2026) ************************ IMDb Rating (6.5) The Atypical Family ထဲက Park So-Yi နဲ့ The Kidnapping Day ထဲက Yuna စတဲ့ ကလေးသရုပ်ဆောင်နှစ်ဦးရဲ့ ထိမိတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်ကားအစအဆုံး ဆွဲခေါ်သွားမဲ့ Mystery, Thriller ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင် I Am Sorry, I Love You နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Lim Soo-Jung က ကိုယ်တိုင်ကိုယ်ကျ ဇာတ်ကားထုတ်လုပ်ရေးပိုင်းမှာ ပါဝင်ထားပြီး ညီအစ်မနှစ်ယောက်ရဲ့ အမေအဖြစ်လည်း အားဖြည့်ထားပေးပါတယ်။ - ဇာတ်လမ်းအကျဉ်း - သေကြောင်းကြံဖို့ ကြိုးစားတဲ့ အစ်မဖြစ်သူ ဆူရွန်း (Yuna) ကို တားဆီးဖို့ ကြိုးစားရင်း အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး ကိုမာဝင်သွားတဲ့ ဆူအန်း (Park So-Yi)... ၃ နှစ်ကြာပြီးနောက် သတိပြန်ရလာတဲ့အခါမှာတော့ သူနဲ့အတူ ပြုတ်ကျခဲ့တဲ့ အစ်မဖြစ်သူ ဆူရွန်းက ဒီလောကကြီးထဲမှာ မရှိတော့ကြောင်း သိလိုက်ရပြီး မိခင်ဖြစ်သူ ဂွန်းအို့ (Lim Soo-Jung) ကလည်း အရင်ကနဲ့ မတူတော့ဘဲ တစ်ခုခုကို ဖုံးကွယ်ထားသလို အမြဲ စိုးရိမ်ပူပန်နေပုံပေါ်နေခဲ့ပါတယ်။ တစ်နေ့ အစ်မဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ ဂျယ်အင်း (Yuna) ဆိုသူက ဆူအန်းရဲ့ ရှေ့မှောက်မှာ ပေါ်လာခဲ့ပြီး အဲဒီအချိန်မှာ ဆူအန်း ပြေးတွေးမိသွားတာကတော့... "ငါလည်း နင်တို့လို နေချင်တယ်.. နင်တို့က ခန္ဓာကိုယ် ၂ ခု ရှိတော့ ငါ့ကို ၁ ခု ပေး.. ငါနဲ့ လဲကြမယ်" ဆိုတဲ့ အစ်မဖြစ်သူ ဖတ်ပြနေကျ 'အရိပ်ကြီးနဲ့ ကလေးနှစ်ယောက်' ပုံပြင်ထဲက စာသားလေးတွေပေါ့။ အစ်မဖြစ်သူရဲ့ သေကြောင်းကြံမှု၊ မိခင်ဖြစ်သူရဲ့ ထူးဆန်းနေတဲ့ အမူအရာတွေ၊ ရုပ်ချင်းဆင်တူတဲ့ ကောင်မလေး ပေါ်ထွက်လာမှု... ဒီ ဆက်တိုက် ဖြစ်ပျက်လာနေတဲ့ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေက အရိပ်ကြီးပုံပြင်နဲ့ ဘယ်လို သွားဆက်စပ်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် အဖြေရှာကြည့်…

You May Also Like