The President's Last Bang (2005)

Genres: Drama · Thriller · Comedy · History
The President's Last Bang (2005) ********************************* The President's Last Bangဆိုတဲ့ ရုပ်ရှင်ကတော့ 2005 ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယားသမ္မတ ဘတ်ဂျောင်ဟီ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်ရပ်မှန်ပေါ် အခြေခံကာ ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Im Sang Soo ရိုက်ကူးပြီး Baek Yoon Sik, Han Suk Kyu နဲ့ Song Jae Hoတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အဆင့်မြင့် ပြည့်တန်ဆာအိမ်ကို ရောက်နေတဲ့ ဗဟိုထောက်လှမ်းရေးရဲ့ ဌာနမှူးဂျူ (Han Suk Kyu)က သမ္မတဘတ်ဂျောင်ဟီရဲ့ အပျော်အပါးဖော်ဖြစ်တဲ့ မိန်းကလေးငယ်နဲ့ သူ(မ)ရဲ့အမေကို စစ်ဆေးမေးမြန်းပြီး ခြိမ်းခြောက်နေပါတယ်။ တစ်ဖက်မှာလည်း ဗဟိုထောက်လှမ်းရေးရဲ့ ညွှန်ကြားရေးမှူးဂင် (Baek Yoon Sik)က ကျန်းမာရေး ဆိုးရွားနေတာကြောင့် တာဝန်ခံဆရာဝန်က အလုပ်ကနေ အနားယူဖို့တိုက်တွန်းနေပေမဲ့ ညွှန်ကြားရေးမှူးကတော့ သူ့ရဲ့ မပြီးပြတ်သေးတဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်ရမယ်လို့ ပြောနေခဲ့ပါတယ်။ မိန်းမအလွန်လိုက်စားတဲ့ သမ္မတ ဘတ်ဂျောင်ဟီ (Song Jae Ho)ကတော့ လျှို့ဝှက်စံအိမ်မှာ စားသောက်ပွဲတွေ မကြာခဏကျင်းပတတ်ပြီး ပြည့်တန်ဆာ မိန်းမငယ်တွေနဲ့ ပျော်ပါးမူးယစ်နေတတ်တယ်။ တစ်နေ့မှာ လျှို့ဝှက်စံအိမ်အတွင်း သမ္မတ ဘတ်ဂျောင်ဟီက အတွင်းရေးမှူးယန်း၊ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲချာ၊ ညွှန်ကြားရေးမှူးဂင်တို့နဲ့အတူ စားသောက်ပွဲကျင်းပနေတုန်း ညွှန်ကြားရေးမှူးဂင်က သမ္မတကို လုပ်ကြံဖို့ ကြိုးပမ်းပါတော့တယ်။ ဒီမိုကရေစီ စနစ်ကို လိုလားတဲ့ ညွှန်ကြားရေးမှူးဂင်က ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ပြီး အုပ်ချုပ်တဲ့ အာဏာရှင်သမ္မတ ဘတ်ဂျောင်ဟီကို အောင်အောင်မြင်မြင် လုပ်ကြံနိုင်ပါ့မလား၊ ဒီအဖြစ်မှန်ကြောင့် ညွှန်ကြားရ…