The Old Dog (2026)

Genres: Crime · Comedy · Action
အမှုတစ်ခုကို စုံစမ်းဖော်ထုတ်ရာမှာ အသက်အရွယ်နဲ့ ရာထူးအာဏာထက် အတွေ့အကြုံ၊ သံသယကို မလွှတ်တမ်းလိုက်နိုင်တဲ့ စိတ်ဓာတ်နဲ့ အမှန်တရားအပေါ် ယုံကြည်မှုက ပိုအရေးကြီးပါတယ်။ ဒီတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ အငြိမ်းစားယူဖို့ နီးကပ်လာပြီဖြစ်တဲ့ ရဲအရာရှိဟောင်းတစ်ယောက်နဲ့ ငွေကြေးအင်အားကြီး လုပ်ငန်းရှင်တစ်ယောက်ကြားက ဉာဏ်ရည်ချင်း ယှဉ်ပြိုင်မှုကို အခြေခံရိုက်ကူးထားတဲ့ Crime Action Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Yu Qian က အမှုအခင်းအတွေ့အကြုံကြွယ်ဝပြီး အပေါ်ယံမှာ အေးအေးဆေးဆေးနဲ့ သာမန်ရဲတစ်ယောက်လို ထင်ရပေမယ့် အတွင်းမှာတော့ စူးရှတဲ့ သတိနဲ့ ခိုင်မာတဲ့စိတ်ဓာတ်ရှိတဲ့ ရဲအရာရှိ Jing Youzheng အဖြစ် ပါဝင်ထားပါတယ်။ သူနဲ့ ဆန့်ကျင်ဘက်မှာတော့ Tony Leung Ka Fai က အပြင်ပန်းမှာ ယဉ်ကျေးတည်ငြိမ်ပြီး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်လို မြင်ရပေမယ့် နောက်ကွယ်မှာတော့ လျှို့ဝှက်ချက်တွေနဲ့ လောဘတွေ ဖုံးကွယ်ထားတဲ့ Bian Juhan အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >> အငြိမ်းစားယူဖို့ နီးကပ်လာတဲ့ ရဲအရာရှိ Jing Youzheng ဟာ ပုံမှန်ဖြစ်ရပ်တစ်ခုလို ထင်ရတဲ့ ခိုးမှုအမှုတစ်ခုကို စုံစမ်းနေစဉ်မှာ မသင်္ကာစရာအချက်တချို့ကို သတိထားမိလာပါတယ်။ အစပိုင်းမှာ သာမန်ခိုးမှုတစ်ခုလို့ ထင်ရပေမယ့် စုံစမ်းမှုတွေ နက်ရှိုင်းလာတာနဲ့အမျှ အမှုရဲ့နောက်ကွယ်မှာ လူတစ်ယောက်တည်းမဟုတ်ဘဲ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခု ပါဝင်နေကြောင်း သိလာရပါတော့တယ်။သူ့ရဲ့ စုံစမ်းမှုလမ်းကြောင်းတွေဟာ နောက်ဆုံးမှာ Mingdian Group ရဲ့ ဥက္ကဋ္ဌဖြစ်သူ Bian Juhan ဆီကို ဦးတည်သွားပါတယ်။ Bian Juhan ဟာ အများရှေ့မှာတော့ ယဉ်ကျေးသိမ်မွေ့ပြီး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်အဖြစ် နေထိုင်နေသူပါ။ ဒါပေမယ့် သူ့နောက်ကွယ်မှာတော့ ရာဇဝတ်မှုတွေ၊ လိမ်လည်မှုတွေနဲ့ အတိတ်က မ…