The Odyssey: The Making of an Epic (2026)

The Odyssey: The Making of an Epic

Genres: Documentary

The Odyssey: The Making of an Epic (2026) ရုပ်ရှင် ၇ ကားစာလောက် အားစိုက်ခဲ့ရတဲ့ ပရောဂျက်ကြီးဒါရိုက်တာ ခရစ္စတိုဖာ နိုလန် ကိုယ်တိုင်က ဒီရုပ်ရှင်ဟာ သူရိုက်ခဲ့သမျှထဲမှာ ရည်မှန်းချက် အကြီးမားဆုံးနဲ့ အကြီးကျယ်ဆုံးပဲလို့ ဆိုထားပါတယ်။ ပါဝင်တဲ့ လူအင်အား၊ ဇာတ်အိမ် တည်ဆောက်ပုံတွေက ကြီးမားလွန်းလို့ ရုပ်ရှင် ၆ ကား၊ ၇ ကားလောက် ပြိုင်တူရိုက်နေရသလိုမျိုးကို ခံစားခဲ့ရတာပါ။ နိုလန်ဟာ အက်ရှင်တင်မကဘဲ ဂရိဒဏ္ဍာရီလောကထဲက လူသားဆန်မှုနဲ့ ခံစားချက် အနှစ်သာရကိုပါ အမိအရ ဖမ်းဆုပ်ပြသွားခဲ့ပါတယ်။ CGI မသုံးဘဲ အပြင်မှာ တကယ် စိန်ခေါ်ခဲ့ကြပုံများဒီ Documentary ထဲမှာ အထင်ကြီးစရာ အကောင်းဆုံးကတော့ နိုလန်ရဲ့ ထုံးစံအတိုင်း ကွန်ပျူတာ အထူးပြုလုပ်ချက် (CGI) တွေကို အတတ်နိုင်ဆုံး မသုံးဘဲ အပြင်မှာပဲ တကယ် တည်ဆောက်၊ တကယ် ရိုက်ကူးခဲ့တာပါပဲ။ ရိုက်ကူးရေးအဖွဲ့သားတွေဟာ ၂ ပတ် တစ်ခါလောက် နိုင်ငံတွေ ပြောင်းပြီး ရိုက်ခဲ့ရလို့ အရှိန်အဟုန်ကတော့ တကယ်ကို ကောင်းခဲ့တာ။ ဒါပေမဲ့ သွားရခက်၊ ရိုက်ရခက်တဲ့ နေရာတွေဖြစ်လို့ ဝတ်စုံအပြည့်နဲ့ တောင်ပေါ်ကို ၄၅ မိနစ်လောက် လမ်းလျှောက်တက်ရတာမျိုးတွေ ရှိခဲ့ပါတယ်။ ဆန်တာ ကာတာရီနာ ရဲတိုက် ရိုက်ကွင်းဆိုရင် တောင်ထိပ်မှာ ရှိတာမို့ ပစ္စည်းတွေကို ကြိုးကားတွေ၊ ဟယ်လီကော်ပတာတွေနဲ့ ခက်ခက်ခဲခဲ သယ်ခဲ့ရတာပါ။ ဇုနတ်မင်း မွေးဖွားခဲ့တယ်လို့ ပြောကြတဲ့ ဂရိနိုင်ငံက နက်စတာ ဂူလို နေရာမျိုးမှာလည်း ဘယ်သူမှ မရိုက်ဖူးသေးဘဲ သဘာဝ ရိုက်ကွင်းအဖြစ် ပြင်ဆင်ပြီး အစစ်အမှန် ရိုက်ကူးပြသွားခဲ့ပါတယ်။ အသက်ဝင်လွန်းတဲ့ ထရိုဂျင် မြင်းကြီးနဲ့ နန်းတော် တည်ဆောက်မှု၃၅ ပေမြင့်တဲ့ မြင်းကြီး : လူတိုင်းသိတဲ့ ထရိုဂျင် မြင်းကြီးကို ဘီးတပ်ထားတဲ့ မြင်းမျိုး မဖြစ်စေချင်လို့ ပိုဆိုက်ဒွန် နတ်မင်းကို ပူဇော်တဲ့ သင်္ဘောပုံစံမျိုး ပုံဖော်ခဲ့တာပါ။ ပေါင် ၈၀၀၀၊ ၉၀၀၀ လော…

You May Also Like