The Odyssey (2026)

Genres: Fantasy · Adventure · Action
The Odyssey [2026] IMAX 4K IMDb Rating (8.4) / Rotten Tomatoes (94%) ဒီနှစ် ၂၀၂၆ ရဲ့ အပေါက်ဆုံးနဲ့ ရုံတင်ဝင်ငွေ အကြမ်းဆုံး ရုပ်ရှင်တစ်ကားလို့ ပြောရမယ့် The Odyssey ရဲ့ IMAX အပြည့် (IMAX Enhanced / IMAX Aspect Ratio) HD / 4K Quality အကြည်စစ်စစ် ထွက်ရှိလာပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ ရုံမှာ မကြည့်လိုက်ရတဲ့သူတွေရော၊ အကြည်ထွက်တာကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေခဲ့ကြတဲ့ ပရိသတ်တွေပါ အိမ်မှာတင် အကောင်းဆုံး ရုပ်သံအရည်အသွေးနဲ့ အရသာရှိရှိ ကြည့်ရှုခံစားနိုင်ပါပြီနော်... ဒီကားက သာမန် ဒဏ္ဍာရီလာ စိတ်ကူးယဉ် ဇာတ်လမ်းမျိုးချည်းသက်သက် မဟုတ်ဘဲ Nolan ရဲ့ စတိုင်အတိုင်း သမိုင်းကြောင်းနဲ့ အဖြစ်မှန်ကို အခြေခံပြီး တကယ့်ကို လက်တွေ့ကျကျ မြင်ယောင်လာအောင် ရိုက်ကူးထားတာပါ။ ရုပ်ရှင်က အချိန်အားဖြင့် ၁၇၂ မိနစ် (၃ နာရီနီးပါး) ရှိပေမယ့် ကြည့်ရတာ လုံးဝ မပျင်းရပါဘူး။ အထူးသဖြင့် ထရိုဂျန်မြင်းကြီး (Trojan Horse) ပါတဲ့ အခန်းတွေနဲ့ နောက်ဆုံး အဆုံးသတ် တိုက်ပွဲအခန်းတွေဆိုရင် အသက်ရှူမှားလောက်အောင်ကို မိုက်ပါတယ်။ မူလထွက်ရှိထားတဲ့ Odyssey 1997 နှစ်ပိုင်းနဲ့မတူတာကတော့ မူရင်းဇာတ်လမ်းမှာ နတ်ဘုရားတွေကို အကောင်အထည်လိုက် ဆက်ဆံပြောဆိုတဲ့အဆင့်တွေထည့်ထားပြီး ဂရိဒဏ္ဍာရီတွေနဲ့ အများကြီးနီးစပ်ပါတယ်။ နိုလန်ကတော့ ဒါကို လူ့သဘောနဲ့ပိုနီးစပ်အောင် ပြုပြင်ထားတာပဲ ဖြစ်ပါတယ်။ အော်ဒစ်ဆီးယပ်စ်တစ်ယောက် အိမ်မပြန်နိုင်တာဟာ ပိုဆိုက်ဒွန်ကြောင့်လား သူလိပ်ပြာမလုံလို့လား ဆိုတာမျိုး စဉ်းစားစရာဖြစ်အောင် ပြသထားတာပါ။ နိုင်ငံပေါင်း ၆ နိုင်ငံ (မော်ရိုကို၊ ဂရိ၊ အီတလီ၊ အိုက်စလန်၊ စကော့တလန်နဲ့ အနောက်ဆဟာရ) မှာ တကယ့် Location တွေချည်း သွားရိုက်ထားတာမို့ ရှုခင်းတွေ၊ မြင်ကွင်းတွေကလည်း တကယ်ကို အကြမ်းစားပါပဲ။ ဧရာမ မြင်းရုပ်ကြီးတွေ၊ ဆိုက်ကလော့ဘီလူးတွေကို တကယ်တည်…