The Man in the Window (2026)

The Man in the Window

Genres: Mystery · Thriller

The Man in the Window (2026) ****************************** ဇာတ်လမ်းအကျဉ်း **************** ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ "The Man in the Window" ဆိုတဲ့ ဇာတ်ကားဟာ Lifetime Network ကနေ ထုတ်လွှင့်တဲ့ Mystery Thriller (သည်းထိတ်ရင်ဖို) အမျိုးအစား ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားက Sarah ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းနဲ့ စထားတာပါ။ သူဟာ အတိတ်က ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ကျော်ဖြတ်ပြီး ဘဝကို အသစ်ကပြန်စဖို့ ကြိုးစားနေသူပေါ့။ အဲဒီအချိန်မှာပဲ လမ်းတစ်ဖက်ခြံထဲကို Jack ဆိုတဲ့ ရုပ်ဖြောင့်ဖြောင့်၊ လူကြီးလူကောင်းဆန်ဆန် အမျိုးသားတစ်ယောက် အသစ်ပြောင်းလာပါတယ်။ သူတို့နှစ်ယောက် စသိကြရာကနေ Sarah တစ်ယောက် Jack ကို သဘောကျပြီး ချိန်းတွေ့တဲ့အထိ အခြေအနေက တိုးတက်လာခဲ့တာပေါ့။ "ငါ့ဘဝတော့ ပြန်အဆင်ပြေပြီ" လို့ Sarah ထင်နေတုန်းမှာပဲ ထင်မှတ်မထားတာတွေ ဖြစ်လာပါတယ်။ သူတို့ရဲ့ အိမ်နီးချင်းတစ်ယောက် အသတ်ခံလိုက်ရတာပါပဲ။ အဲဒီလူသတ်မှုမှာ သံသယဖြစ်စရာ အထောက်အထားတွေက Jack ဆီကိုပဲ ဦးတည်နေပါတယ်။ Sarah ကတော့ သူချစ်မိနေတဲ့ Jack ဟာ လူသတ်သမား မဖြစ်နိုင်ဘူးလို့ ယုံကြည်ပြီး သူ့မှာ အပြစ်မရှိကြောင်း သက်သေပြဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ Jack ရဲ့ နောက်ကြောင်းကို လိုက်ရင်း၊ လိုက်ရင်းနဲ့ Sarah တစ်ယောက် ကြောက်စရာကောင်းတဲ့ အမှန်တရားတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ Sarah အဖြစ် Teri Polo က သရုပ်ဆောင်ထားပြီး၊ ဆွဲဆောင်မှုရှိသလို တစ်ဖက်မှာလည်း လျှို့ဝှက်ချက်များတဲ့ Jack အဖြစ် Dylan Walsh က ပါဝင်ထားပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စတင်ပေမယ့် ဇာတ်လမ်းတစ်ဝက်ကျော်မှာ Jack က တကယ်ပဲ လူကောင်းလား၊ လူဆိုးလားဆိုတာကို ပရိသတ်တွေ ဝေခွဲမရအောင် ရိုက်ကူးထားတာ တွေ့ရပါတယ်။ "ကိုယ့်ဘေးနားက လူယုံဟာ တကယ်ကော ဘယ်သူလဲ" ဆိုတဲ့ မေးခွန်းကို အခြေခံပြီး ရိုက်ပြထားတာပါ။ ဒီကားက Pl…

You May Also Like