The Land of Sometimes (2026)

The Land of Sometimes

Genres: Fantasy · Family · Adventure · Animation

The Land of Sometimes (2026) ဒီကားဟာ ၂၀၂၆ ခုနှစ် မတ်လပိုင်းမှာ ထွက်ရှိထားတဲ့ ဗြိတိန်-အမေရိကန် ပူးပေါင်းထုတ်လုပ်တဲ့ ကလေးသူငယ်နဲ့ မိသားစုကြည့် ကွန်ပြူတာအန်နီမေးရှင်း (Animated Musical Fantasy) ရုပ်ရှင်ကားသစ်လေး ဖြစ်ပါတယ်။ Toy Story နဲ့ How to Train Your Dragon တို့လို နာမည်ကြီး အန်နီမေးရှင်းကားတွေကို ဖန်တီးခဲ့တဲ့ ထုတ်လုပ်သူတွေကပဲ ဖန်တီးထားတာဖြစ်ပြီး၊ သီချင်းတွေကိုလည်း The Lion King တို့ Aladdin တို့ရဲ့ ဂန္ထဝင်တေးရေးဆရာကြီး Sir Tim Rice က ရေးစပ်ပေးထားတာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေကတော့ အယ်လ်ဖီ (Alfie) နဲ့ အဲလိစ့် (Elise) ဆိုတဲ့ အမြွှာမောင်နှမနှစ်ယောက်ပါ။ ဒီနှစ် ခရစ္စမတ်ကတော့ သူတို့အတွက် တခြားနှစ်တွေနဲ့မတူဘဲ စိတ်ညစ်စရာ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဖေက စစ်မြေပြင်ကို ရောက်နေပြီး အိမ်ပြန်မလာနိုင်လို့ပါ။ အဖေမရှိတဲ့အပြင် အိမ်တွင်းရေးအခြေအနေ ကျပ်တည်းမှုတွေကြောင့် မောင်နှမနှစ်ယောက်ကြားမှာလည်း အဆင်မပြေမှုတွေဖြစ်ပြီး စိမ်းကားနေကြပါတယ်။ အဲဒီအချိန်မှာပဲ သူတို့အမေက အဖေချန်ထားခဲ့တဲ့ ခရစ္စမတ်လက်ဆောင် "ဆုတောင်းနာရီ" လေးကို ပေးလိုက်ပါတော့တယ်။ ခရစ္စမတ်အကြိုညမှာ မောင်နှမနှစ်ယောက်ဟာ အဲဒီနာရီကို သုံးပြီး မသိစိတ်ကနေ ဆုတောင်းလိုက်မိတဲ့အခါ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ "ဆုတောင်းစုဆောင်းသူ" (The Wish Collector) ကြီး ရောက်လာပါတယ်။ သူက အမြွှာနှစ်ယောက်ကို The Land of Sometimes လို့ခေါ်တဲ့ ထူးဆန်းတဲ့ မှော်ကမ္ဘာကြီးထဲကို ခေါ်သွားပါတော့တယ်။ အဲဒီကမ္ဘာက ဘယ်လောက်ထူးဆန်းလဲဆိုရင် တစ်ရက်တည်း (၂၄ နာရီအတွင်း) မှာပဲ နွေ၊ မိုး၊ ဆောင်း၊ နွေဦး ဆိုတဲ့ ရာသီဥတုလေးခုလုံးကို ဖြတ်သန်းသွားတာမျိုးပါ။ အဲဒီမှော်ကမ္ဘာမှာ သူတို့ကို ဆုတောင်း ၆ ခု ဆုတောင်းခွင့် ပေးထားပါတယ်။ ဒါပေမဲ့ "ဆုတောင်းတိုင်းမှာ တန်ဖိုးတစ်ခု ပ…

You May Also Like