The Fox and the Hound (1981)

Genres: Drama · Family · Adventure · Animation
The Fox and the Hound (1981) ကာတွန်းကား ကြည့်ရင် မငိုတတ်ဘူးဆိုတဲ့ သူငယ်ချင်းကိုပြဖို့ ကာတွန်းတစ်ပုဒ် Walt Disney ရဲ့ နာမည်ကျော် ကာတွန်းကား The Fox and the Hound (မြေခွေးနှင့် အမဲလိုက်ခွေး) ရုပ်ရှင်က ကလေးအတွက်တင် မဟုတ်ဘဲ လူကြီးတွေအတွက်ပါ သင်ခန်းစာယူတတ်ရင် အကျိုးရှိတဲ့ မက်ဆေ့ခ်ျလေးတွေ ထည့်သွင်းပေးထားပါတယ်။ --- ရုပ်ရှင်အညွှန်း The Fox and the Hound (1981) ဒီဇာတ်ကားဟာ မွေးကတည်းက ရန်သူဖြစ်ဖို့ ကံပါလာတဲ့ တိရစ္ဆာန်နှစ်ကောင်ကြားက မဖြစ်နိုင်တဲ့ ခင်မင်ရင်းနှီးမှုကို ဖော်ပြထားတဲ့ Disney ရဲ့ စိတ်လှုပ်ရှားစရာ ကာတွန်းဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမေဖြစ်သူ မုဆိုးလက်ချက်နဲ့ ဆုံးပါးသွားပြီးနောက် မိဘမဲ့ဖြစ်သွားတဲ့ Tod (တော့ဒ်) လို့ နာမည်ပေးထားတဲ့ မြေခွေးပေါက်လေးတစ်ကောင်ကို မုဆိုးမကြီး တွိဒ် (Widow Tweed) က မေတ္တာထားပြီး မွေးစားထားပါတယ်။ အဲဒီလိုပဲ အိမ်နီးချင်း မုဆိုးကြီး အေမိုစ့် စလိတ် (Amos Slade) ကလည်း Copper (ကော့ပါး) လို့ အမည်ရတဲ့ အမဲလိုက်ခွေးလေးတစ်ကောင်ကို မွေးထားပါတယ်။ ငယ်စဉ်ဘဝမှာ Tod နဲ့ Copper တို့ဟာ သူတို့ရဲ့ မျိုးနွယ်တွေကြားက ရန်ငြိုးရန်စတွေကို မသိဘဲ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားရင်း အမြဲတမ်း သူငယ်ချင်းကောင်းများ ဖြစ်ကြဖို့ ကတိပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အမဲလိုက်ရာသီရောက်လာပြီး Copper ဟာ အမဲလိုက်ခွေးအဖြစ် လေ့ကျင့်ခံရဖို့ မုဆိုးကြီးနဲ့အတူ တောထဲကို ထွက်ခွာသွားချိန်မှာတော့ သူတို့နှစ်ဦးကြားက အခြေအနေတွေ စတင်ပြောင်းလဲလာပါတယ်။ နွေဦးပေါက်လို့ Copper ပြန်ရောက်လာချိန်မှာ Tod ဟာလည်း အရွယ်ရောက်လာပြီး သူငယ်ချင်းနှစ်ဦးဟာ မလွဲမရှောင်သာ ရင်ဆိုင်ရမယ့် ရန်သူ ဖြစ်လာပါတော့တယ်။ တစ်ယောက်က မုဆိုးရဲ့ ခွေး၊ နောက်တစ်ယောက်က အမဲလိုက်ခံရမယ့် မြေခွေး အဖြစ် သူတို့ရဲ့ တာဝန်နဲ့ သဘာဝအလျှောက် ဖြစ်လာတဲ့ တိုက်ပ…