The Boys from Brazil (1978)

Genres: Drama · Mystery · Science Fiction
၁၉၇၈ တုန်းကထွက်ခဲ့တဲ့ နာမည်ကြီး ဂန္ထဝင် ဇာတ်ကားလေး "The Boys from Brazil" အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ဒီကားလေးက စာရေးဆရာ Ira Levin ရဲ့ ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာ Franklin J. Schaffner ရိုက်ကူးထားတဲ့ Sci-Fi Thriller (သိပ္ပံနဲ့ သည်းဖိုရောထားတဲ့) ဇာတ်ကားကောင်းတစ်ကားပါ။ ဒုတိယကမ္ဘာစစ်အပြီး နောက်ခံသမိုင်းကြောင်းရယ်၊ သိပ္ပံပညာရယ်ကို သေသေချာချာလေး ပေါင်းစပ်ထားလို့ ကြည့်နေရင်းနဲ့ ရင်တထိတ်ထိတ်ဖြစ်စေမယ့် ကားမျိုးပေါ့။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့အချိန် ပါရာဂွေးနိုင်ငံမှာ ပုန်းအောင်းနေတဲ့ နာဇီဆရာဝန် ဂျိုးဆက် မန်ဂယ်လီ (Gregory Peck) ကနေ ဇာတ်လမ်းကို စထားပါတယ်။ သူက ကမ္ဘာတစ်ဝှမ်းက အသက် ၆၅ နှစ်အရွယ် အမျိုးသား ၉၄ ယောက်ကို လိုက်သတ်ဖို့ လျှို့ဝှက်အစီအစဉ်တစ်ခု ဆွဲပါတော့တယ်။ အဲဒီလို ထူးထူးဆန်းဆန်း လိုက်သတ်နေတာကို နာဇီစစ်ရာဇဝတ်ကောင်တွေကို လိုက်လံဖော်ထုတ်နေတဲ့ အဘိုးအိုကြီး အက်ဇရာ လီဘာမန် (Laurence Olivier) က ရိပ်မိသွားပြီး စုံစမ်းပါတော့တယ်။ လီဘာမန် တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းရင်းနဲ့မှ ဆရာဝန် မန်ဂယ်လီရဲ့ ကြောက်စရာကောင်းတဲ့ အကြံအစည်ကြီးကို သိသွားခဲ့ပါတယ်။ အဲဒါကတော့ အဒေါ့ဖ် ဟစ်တလာ (Adolf Hitler) ရဲ့ ကိုယ်ပွား (Clone) ကလေးတွေကို ဖန်တီးပြီး နာဇီအာဏာရှင်စနစ်ကို ပြန်အသက်သွင်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ စိတ်လှုပ်ရှားစရာ ကြည့်ရမှာပါ။ ဟောလိဝုဒ်မှာ လူကောင်းဇာတ်ရုပ်တွေနဲ့ပဲ ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ Gregory Peck ကို ဒီကားထဲမှာတော့ သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ နာဇီဆရာဝန်ကြီးအဖြစ် အထာကျကျ မြင်တွေ့ရမှာပါ။ သူ့ရဲ့ သရုပ်ဆောင်ပြောင်းလဲမှုက တကယ့်ကို အံ့သြစရာကောင်းလောက်အောင် ပီပြင်ပါတယ်။ Laurence Olivier သရုပ်ဆောင်ထားတဲ့ အက်ဇရာ လီဘာမန် ဆိုတဲ့ ဇာတ်ကောင်ကလည်း အသက်က…