Advertisement
The 9th Precinct

The 9th Precinct

第九分局

★ 5.6📅 2019⏱ 94 min👥 23 votes
FantasyThrillerCrime

Director: Wang Ding-Lin

ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် အားဟောင်ဟာ တရားမျှတတဲ့စိတ်အပြည့်ရှိပေမယ့် နည်းနည်းတော့ဇွတ်တရွတ်နိုင်တဲ့ရဲဝန်ထမ်းတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ရဲ့စရိုက်ကြောင့်ပဲ ကံဆိုးစွာနဲ့ အတူတွဲလုပ်တဲ့ စီနီယာကြီးက တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားခဲ့ပါတယ်။ ဒီအမှားကြောင့်ပဲ အားဟောင်ကသာမန်ရဲလောကကနေ ထုတ်ပယ်ခံရပြီးတော့ အမှတ်(၉)ရဲစခန်းဆိုတဲ့ သဘာဝလွန်ဝိညာဉ်ရေးရာတွေကိုင်တွယ်တဲ့ ရဲဌာနကိုရောက်သွားပါတယ်။ဌာနသစ်မှာ ဝါရင့်စုံထောက်ကြီး လောင်ကျန်းရဲ့တပည့်အဖြစ်နဲ့ သင်ယူရင်း လူနဲ့ဝိညာဉ်လောကကြားက ဆက်ဆံရေးအစစ်အမှန်ကိုနားလည်လာခဲ့ပါတယ်။ ဒီလိုနဲ့ သတ္တိခဲသတင်းထောက်မလေး ကျန်းရူရှင်းနဲ့အတူလက်တွဲပြီးတော့ ကွင်းဆက်လူသတ်မှုကို စုံစမ်းသွားတဲ့ ထိတ်လန့်စရာတွေနဲ့အတူ ရင်ခုန်စရာကောင်းတဲ့ ဟာသကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်တဲ့ဝမ်တင်လင်က အစပိုင်းမှာဒီဇာတ်လမ်းကိုသည်းထိတ်ရင်ဖိုစုံထောက်ကားအဖြစ်ဖတ်ခဲ့ရတာပါ။ ဒါပေမယ့် ထိုင်ဝမ်မှာဒီလိုအပန်းဖြေစေတဲ့ ဇာတ်ကားမျိုးသိပ်မရှိတဲ့အတွက် ဟောလိဝုဒ်စတိုင် အက်ရှင်ဟာသကားဖြစ်လာအောင် (၂)နှစ်တိုင်တိုင်ဇာတ်ညွှန်းခွဲပြီး ပြောင်းလဲပုံဖော်ခဲ့တာလို့ဆိုပါတယ်။ ဟာသကားဆိုပေမယ့် မူလဇာတ်လမ်းရဲ့သည်းထိတ်ရင်ဖို ခြောက်ခြားတဲ့အရသာမပျက်သွားအောင် အတတ်နိုင်ဆုံးထိန်းသိမ်းပြီးပုံဖော်ထားပါတယ် Filesize : 1 GB / 515 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Fantasy, Thriller, and Crime Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub )
Advertisement

Download Links

WEB-DL1080p1GB
WEB-DL720p515.21MB
Advertisement