Idiot Girls and School Ghost 2: Teaching Practice (2026)

Genres: Mystery · Horror · Comedy
Idiot Girls and School Ghost 2: Teaching Practice (2026) ****************************************************** IMDb Rating (6.6) 2024 ခုနှစ်ထွက် Idiot Girls and School Ghost: School anniversary ရဲ့ ဒုတိယတွဲအနေနဲ့ ထွက်ရှိလာတဲ့ ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယတွဲဆိုပေမဲ့ ဇာတ်လမ်းကတော့ ဆက်စပ်မှုမရှိတာမို့လို့ ပထမတွဲ မကြည့်ရသေးလည်း ကြည့်လို့ အဆင်ပြေပါတယ်ရှင်။ Main Cast တွေအနေနဲ့ကတော့ We Are All Trying Here ထဲက မင်းသမီး Han Sun-Hwa, Love Song for Illusion ထဲက မင်းသမီး Hong Ye-Ji, WJSN အဖွဲ့ဝင် Yeo Reum နဲ့ Under The Queen's Umbrella ထဲက မင်းသား Yoo Seon-Ho တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - မိခင်ကျောင်းကို အလုပ်သင်ဆရာမအနေနဲ့ ပြန်ရောက်လာတဲ့ ဂန်အွန်းဂယောင်း (Han Sun-Hwa) က အာအိုအီ၊ ရီကို၊ ဟာရူကာ ဆိုတဲ့ ကျောင်းသူလေးသုံးဦး ဖွဲ့စည်းထားတဲ့ အောက်လမ်းမှော်ပညာကလပ် "ကူရိုအီဆိုရာ" အကြောင်း စုံစမ်းမိရာကနေ ဇာတ်လမ်း စထားပါတယ်။ ဒီကျောင်းသူလေး သုံးယောက်က စာမေးပွဲမှာ အမြဲ ထိပ်ဆုံးရနေတဲ့ လူတော်လေးတွေ ဖြစ်ကြပေမဲ့ သူတို့ရဲ့ ပုံပန်းသွင်ပြင်ကတော့ မူမှန်မနေခဲ့ပါဘူး။ တကယ်တမ်းက အဲဒီနောက်ကွယ်မှာ ဂျပန်တစ္ဆေ အီဒါအီနာရှီ (Yoo Seon-Ho) ဆိုသူရဲ့ အကူအညီရှိနေခဲ့တာပါ။ ဒီတော့ အွန်းဂယောင်းလည်း အီဒါအီနာရှီ ရှိနေတဲ့ စတုတ္ထထပ်က ဆရာများရုံးခန်းဆီ သွားတွေ့ဖို့အတွက် အထပ်အသီးသီးက ဉာဏ်စမ်းသရဲတွေကို ကျော်ဖြတ်ရဖို့ ဖြစ်လာတဲ့အခါမှာတော့... အွန်းဂယောင်းက အီဒါအီနာရှီရဲ့ လွှမ်းမိုးမှုအောက်မှာ ကျရောက်နေတဲ့ ကျောင်းတော်ကြီးကို ဘယ်လို ကယ်တင်ပေးသွားမှာလဲ... ဇာတ်ကောင်တွေနဲ့အတူ ဉာဏ်စမ်းပဟေဠိတွေ လိုက်ပါဖြေရှင်းရင်း ဉာဏ်သုံးရမှာဖြစ်သလို မနားတမ်း ရယ်နေရမဲ့ ဟာသ သရဲကားလေးဖြစ်တာကြောင့် ဒီလိုကားမျိုး အကြိုက်တွေ…