Sultan

Sultan

सुल्तान

★ 6.8📅 2016⏱ 170 min👥 272 votes
DramaActionRomance

Director: Ali Abbas Zafar

"Wrestling is not a sport. Its about fighting what lies within."

BluRay 1080p အကြည်ဆုံးဗားရှင်းဖြင့် တဖန်တင်ဆက်ထားပါသည် =============================================== နပန်းဆိုတာ အားကစားမဟုတ်ပါဘူး ရဲရင့်တဲ့ လူ၂ယောက်ကြားက တိုက်ပွဲ အဲ့တာ ကျွန်တော်ပြောတာ မဟုတ်ဘူးနေ်ာ စူလ်တန်က ပြောခဲ့တာ ကဲဗျာ ပရိတ်သတ်ကြီးအတွက် ၂၀၁၆ ထွက် မင်းသားကြီး ဆလမန်ခန်းရဲ့ ကားသစ်တကားကို ထပ်ပြီးတင်ပေးလိုက်ပါတယ် အလယ်အလတ်ပိုင်းအရွယ်ရှိတဲ့ နပန်းချန်ပီယံတစ်ယောက် Olympic မှာ India ကိုယ်စားပြုဝင်ပြိုင်ပြီး လက်ဝှေ့လောကကို ပြန်လာဖို့ ကြိုးပမ်းတဲ့အကြောင်းဖြစ်ပါတယ်။ တစ်ချိန်က ပြိုင်စံရှား အောင်မြင်ကျော်ကြားလှတဲ့ နပန်းသမားကြီး Sultan ခုတော့ အကြောင်းအမျိုးမျိုးကြောင့် အရှုံးသမားဖြစ်နေရာက ဆုံးရှုံးသွားသမျှကို ပြန်ယူဖို့အတွက် ကြိုးဝိုင်းအတွင်းကို ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။ ဒီကားကို စသိမိတာကတော့ ထုံးစံအတိုင်း ရုပ်ရှင်ရုံမှာပြတဲ့ trailer ကြောင့်ပေါ့။ ပုံစံကမဆိုးဘူး၊ ရိုက်ချက်လေးတွေ မိုက်တယ်၊ တအားကြီးမကောင်းတောင် ထူးထူးခြားခြားနဲ့ အပန်းပြေနိုင်တယ် ကြည့်ဦးမှဆိုပြီးတော့ ဖြစ်ခဲ့တယ်ပေါ့ဗျ။ ဘယ်လိုကောင်းမယ် ဘာဖြစ်တယ်ညာဖြစ်တယ်မျိုး မှန်းထားတာမျိုးမရှိခဲ့ဘူး။ ဇာတ်လမ်းပိုင်းမှာ Sultan ဟာ Southpaw နဲ့ နည်းနည်းလေးသွားဆင်တယ်။ ဇာတ်ဝင်ခန်းတချို့ ပြောသွားတဲ့ ပေးသွားတဲ့ message တချို့အရ နောက်လာမဲ့ Amir Khan ရဲ့ Dangal နဲ့လည်း နည်းနည်းဆင်တယ်။ သိပ်မဆိုင်ဘူးဆိုပေမဲ့ အမှတ်ရတာတစ်ခုက ဒီကားမကြည့်ခင်မှာပဲ ဘော်ဒါတစ်ယောက်နဲ့ ပြောဖြစ်ခဲ့တဲ့ အချစ်အကြောင်းပါ။ ပြောရရင် ကြားရရင် နည်းနည်းလေး ပေါတောတောနိုင်တယ်လို့ ထင်နိုင်ပေမဲ့ အချစ်ကြောင့် မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ပါ။ ရုပ်ရှင်ထဲမှာတော့ ပေါတောတော ပေါ့ပျက်ပျက်နေနေတဲ့ Sultan တစ်ယောက် အချစ်ကြောင့် ဘဝတစ်ခုလုံး ဘာမှမဆိုင်အောင် ပြောင်းလဲပြီး အတက်တွေအကျတွေ အနိုင်တွေအရှုံးတွေဆိုတာတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးဖြစ်ပေါ်လာခဲ့တယ်ပေါ့။ Sultan ကိုတော်တော်လေးသဘောကျမိတဲ့ အချက်တစ်ခုက ရုပ်ရှင်ပြသချိန်ကို ရှည်ရှည်ယူပြီး ပေးချင်ပြောချင် ပြချင်တာတွေကို ဖြေးဖြေးနဲ့ မသိမသာလေးတွေ ထည့်ပေးလို့ပါ။ သူတို့ ရွာဓလေ့တွေ၊ လူ့စရိုက် လူ့သဘာဝ၊ မာနနဲ့ ဘဝ စတာတွေကို (ယှဉ်ပြောမိတာ ခွင့်လွှတ်) ကျွန်တော်တို့ ဗမာကားတွေလို ငါတို့ မြန်မာလူမျိုးဆိုတာ ဒီလို ဒါလိုရှိတယ်။ မိဘမေတ္တာဆိုတာ ဘယ်လိုမျိုးရှိတယ်၊ ငါတို့ရွာသားတွေက အရမ်းရိုးသားတာ ဘာာညာ ဆိုတာမျိုး အတင်းကြီး မစားစားအောင် ကျွေးလွှတ်တာမျိုးမဟုတ်ဘဲ သက်သက်သာသာလေးတွေနဲ့ ပေးသွားပြောသွားတာလေးတွေကိုပါ။ ရိုက်ချက်တွေမှာတော့ ထုံးစံအတိုင်း ကင်မရာမန်းတွေကတော့ စကေးရှယ်ပြထားပါတယ်။ အလင်းအမှောင်တွေဘာတွေ လိုတာပိုတာမရှိဘဲ လက်စွမ်းပြထားတယ်။ နောက်ခံတီးလုံးနဲ့ သီချင်းတွေကလည်း အင်မတန်ကောင်းတယ်။ သရုပ်ဆောင်တွေအကုန်လုံး တော်ကြသလို ဇာတ်လိုက် Salman Khan ကတော့ သူ့ရဲ့ ဘဝအတက်အကျ အနိမ့်အမြင့်တွေနဲ့လိုက်ပြီး အမူအရာမျိုးစုံ ပီပြင်အောင် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။ Sultan ရုပ်ရှင်ဟာ ပျော်စရာ၊ ကြည်နူးစရာ၊ ဝမ်းနည်းစရာ အစုံပေးနိုင်တဲ့ရုပ်ရှင်တစ်ကားပါ။ ကြည့်နေသူတွေက တခွီခွီနဲ့ ရယ်ရတဲ့အခိုက်၊ ပြုံးပြီးသဘောကျနေတဲ့အခိုက်၊ မျက်ရည်လေးစမ်းစမ်းနဲ့ မငိုအောင်ထိန်းရတဲ့အခိုက် မျိုးစုံဖြစ်မှာ သေချာတယ်။ ဇာတ်လမ်းက နည်းနည်းရှည်တာလေးနဲ့ Bollywood ကား ထုံးစံအတိုင်း မင်းသားကို အတင်း skill ပြထားတာ၊ theme song ကို ခနခန တောက်လျှောက်သုံးထားတာ ဆိုတဲ့ မပြောပလောက်တဲ့ ဟာလေးတွေကလွဲပြီး ကျန်တာ အကုန်သဘောကျမိပါတယ်။ ပညာလည်းပေးနိုင်တဲ့အပြင် သူတို့ Indian ရိုးရာ ဓလေ့၊ နောက် သူတို့ရဲ့ ရိုးရာ နပန်းကစားနည်းကို visual effect မပါ (ပါတယ်ဆိုရောက်လောက်တော့ရှိတာပေါ့)၊ ပေါက်ကွဲခန်း action တွေမပါဘဲ လူစိတ်ဝင်စားအောင် လုပ်ပြနိုင်တော့ စဉ်းစားရင်း အားမရဖြစ်မိတာ တွေးမိတာက ကျွန်တော်တို့ မြန်မာပြည်မှာလည်း နည်းပညာအခက်အခဲကြောင့် ဆိုတာကြီး ဘေးဖယ်ပြီး မြန်မာ့လက်ဝှေ့တို့ဘာတို့ကို ဒီကားလိုမျိုး ကမ္ဘာကို ရိုက်ပြချပြနိုင်ရင်ကောင်းမယ်လို့ပေါ့။ Bollywood ရုပ်ရှင်တစ်ကားဖြစ်ပြီး မင်းသား Salman Khan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Yash Raj Film မှ ထုတ်လုပ်ဖြန့်ချိတာဖြစ်ပါတယ်။ အညွှန်းကိုတော့ www.datshin.com မှကူးယူဖော်ပြပါတယ် File size…3.4 GB / 2 GB Quality…Blu Ray 1080p / 720p Format…mkv / mp4 Duration….02:49:56 Subtitle….Myanmar Subtitle (Hardsub)

Download Links

WEB-DL1080p3.4 GB
WEB-DL720p2 GB