Send Help (2026)

Genres: Horror · Thriller · Comedy
Send Help (2026) IMDb Rating (7.2) / Rotten Tomatoes (93%) Sam Raimi ရိုက်ကူးထားပြီး နာမည်ကြီးသရုပ်ဆောင် Rachel McAdams နဲ့ Dylan O'Brien တို့ အစွမ်းပြထားတဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီကားလေးက သာမန် လေယာဉ်ပျက်ကျပြီး ကျွန်းပေါ်သောင်တင်တဲ့ ဇာတ်လမ်းတွေနဲ့မတူဘဲ အလုပ်ခွင်က ဖိနှိပ်မှုတွေ၊ အာဏာပြိုင်ဆိုင်မှုတွေကို သွေးထွက်သံယိုနဲ့ ရယ်ရမလို ငိုရမလို ပုံစံမျိုး ရိုက်ပြထားတဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းချုပ် ဇာတ်လမ်းက Linda (Rachel McAdams) ဆိုတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့သူဌေး Bradley (Dylan O'Brien) တို့အကြောင်းပါ။ Linda က ကုမ္ပဏီမှာ အလုပ်အရမ်းကြိုးစားပေမဲ့ လူရာမသွင်းခံရတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး Bradley ကတော့ အဖေ့ကျေးဇူးနဲ့ CEO ဖြစ်လာတဲ့ ဘဝင်မြင့် ငတုံး သူဌေးပေါ့။ Bradley က Linda ကို ရာထူးတိုးပေးမယ်ဆိုပြီး ကတိပေးထားပေမဲ့ တကယ်တမ်းကျတော့ သူ့သူငယ်ချင်းကိုပဲ ရာထူးပေးလိုက်ပါတယ်။ တစ်ရက်မှာ သူတို့နှစ်ယောက် ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့သွားရင်း လေယာဉ်ပျက်ကျသွားပါတယ်။ အဲဒီမှာ ထူးဆန်းတာက တစ်လေယာဉ်လုံးမှာ သူတို့နှစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ပြီး လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ် ရောက်သွားတာပါပဲ။ အပြင်လောကမှာ Bradley က သူဌေးဖြစ်ပေမဲ့ ဒီကျွန်းပေါ်မှာတော့ ရှင်သန်ရေးစွမ်းရည် (Survival skills) တွေ အပြည့်ရှိနေတဲ့ Linda က ဆရာကြီးဖြစ်လာပါတော့တယ်။ ခြေထောက်ဒဏ်ရာရနေတဲ့ Bradley တစ်ယောက် အသက်ရှင်ဖို့အတွက် Linda ကိုပဲ အားကိုးလာရပါတယ်။ အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက်ကြားက အာဏာပြိုင်ဆိုင်မှုတွေ၊ လက်စားချေမှုတွေ စတင်လာပါတော့တယ်။ ဇာတ်လမ်းက ကြည့်ရင်းကြည့်ရင်းနဲ့ Linda ကိုယ်တိုင်ကလည်း တဖြည်းဖြည်းနဲ့ ကြောက်စရာကောင်းတဲ့လူသတ်ကောင် တစ်ယောက်လို ပြောင်းလဲလာတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ Rachel McAdams ရဲ့ သရုပ်ဆောင်ကွက်…