Rebellious (2024)

Rebellious

Genres: Fantasy · Family · Adventure · Comedy · Animation

ဒီတစ်ခေါက်မှာတော့ CM ပရိသတ်များအတွက် Animation ကားကောင်းလေးတစ်ကား တင်ဆက်ပေးမှာပဲဖြစ်ပါတယ်… Mina ဆိုတဲ့ မင်းသမီးလေးတစ်ပါးဟာ ဆတ်ဆတ်ကြဲမဟုတ်မခံ သူလေးဖြစ်ပါတယ် မင်းသမီးလေးဟာ အရွယ်ရောက်လို့ ကြင်ယာတော်နဲ့ လက်ဆက်ဖို့အချိန်ကျရောက်လာတဲ့အခါမှာတော့ ခမည်းတော် ဘုရင်ကြီးဟာ နေရာချထာားပေးဖို့ စီစဉ်ခဲ့ပါတယ်... သို့သော်လည်း မင်းသမီးလေးဟာ သူချစ်ရသူ စာဂျပိုးလေး Ronan ကို လက်ထပ်ဖို့ဆုံးဖြတ်ထားတာကြောင့် ဘုရင်ကြီးဆီကို တောင်းဆိုဖို့ ဖြစ်လာရပါတော့တယ်.. တစ်ချိန်တည်းမှာပဲ လက်မထပ်ရသေးသူ မင်းသမီးများကို လုယူဖမ်းဆီး ခေါ်ဆောင်လေ့ရှိသော မှော်ဆရာကြီး Kezabor ပုံပြင်ဟာလည်း နာမည်ကြီးလို့နေပါတယ် မှော်ဆရာကြီး Kezabor ဟာ သတို့သမီးတွေကို ဖမ်းယူကာ ၎င်းရဲ့ရဲတိုက်ကြီးဆီ ခေါ်ဆောင်သွားလေ့ရှိပြီး သူနဲ့အတူ နေထိုင်ဖို့ကို အတင်းဖိအားပေးသူဖြစ်ပါတယ်... ကမ္ဘာအရပ်ရပ် သတို့သမီးပေါင်းများစွာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော်လည်း ပြန်လွတ်လာသူမရှိ၊ ကယ်တင်ဖို့ သွားရောက်ကြသူ စစ်သည်တော်ရဲမက် များလည်း Kezabor ၏ရဲတိုက်ဆီသို့ရောက်အောင်မသွားနိုင်ကြဘဲရဲတိုက်သို့ ဝင်ရောက်ရာ တောင်ကြားလမ်းဝတွင်သာ ဘဝဆုံးကြရပါတယ်.. ထိုသို့သော အဖြစ်အပျက်ဟာ အသစ်စက်စက်သတို့သမီးလေး Mina အပေါ်ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာရာ လက်ထပ်ပွဲပျက်စီး သွားပြီး ဝင်ရောက်အရွေးခံသူ ကြင်ယာတော်လောင်းလျာများအဖို့ ဒုတိယ အခွင့်အရေးထပ်မံရရှိခဲ့ပြန်ပါတယ်... ဘုရင်ကြီးဟာ သူ့သမီးတော် Mina ကို ကယ်တင်နိုင်သူထံ သမီးတော်နဲ့တကွ နိုင်ငံကိုပါ အပ်နှင်းမည်ဟု ကျေညာလိုက်ပြီးနောက်မှာတော့ ကြင်ယာတော် လောင်းလျာများ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့နေရာမှာ ဖမ်းဆီးခံထားရတဲ့ မင်းသမီးလေးကို ရှာဖွေကယ်တင်ဖို့လုပ်ရပါတော့တယ်.. ကြင်ယာတော်လောင်းလျာများဟာ များသောအားဖြင့် ခွန်အားအရာကြီးမားသူတွေ ဖြစ်သော်လည်း မင်းသမီးလေးရဲ့…

You May Also Like