Power Ballad (2026)

Genres: Drama · Comedy · Music
Power Ballad (2026) 4K HEVC IMDb Rating (7.1) / Rotten Tomatoes (87%) ရယ်လည်းရယ်ရပြီး ချစ်စရာကောင်းတဲ့ ဂီတရုပ်ရှင်အသစ်ပါ။ ဒီဇာတ်ကားလေးကတော့ Sing Street, Once နဲ့ Begin Again လို ဂီတအသားပေး ဇာတ်ကားကောင်းတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ John Carney ရဲ့ ၂၀၂၆ ထွက် Musical Comedy-Drama ကားသစ်လေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့အပြင် Paul Rudd နဲ့ Nick Jonas တို့ရဲ့ တွဲဖက်သရုပ်ဆောင်မှုတွေကလည်း တော်တော်လေး လိုက်ဖက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရစ်ခ် (Paul Rudd) က အရင်က အောင်မြင်ချင်တဲ့ အိပ်မက်တွေရှိခဲ့ပေမဲ့ အခုတော့ အိုင်ယာလန်မှာ အခြေချပြီး မင်္ဂလာဆောင်တွေမှာ သီချင်းလိုက်ဆိုနေရတဲ့ အဆိုတော်တစ်ယောက်ပေါ့။ တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုမှာ သီချင်းသွားဆိုရင်း (Boy band) အဆိုတော်ဟောင်း ဒန်နီ (Nick Jonas) နဲ့ ဆုံဖြစ်သွားတယ်။ ဒန်နီကလည်း တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ဖို့ ရုန်းကန်နေရတဲ့အချိန်ဆိုတော့ သူတို့နှစ်ယောက် သီချင်းတွေအကြောင်းပြော၊ အတူတူ သောက်စားရင်း ခင်သွားကြတယ်။ အဲဒီညမှာ ရစ်ခ်က သူကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ကို ဆိုပြလိုက်မိတယ်။ ပြဿနာက ခြောက်လလောက်ကြာတော့ စောစောက ဒန်နီဆိုတဲ့ကောင်က ရစ်ခ်ရဲ့သီချင်းကို ခိုးပြီး သူ့နာမည်နဲ့ ထုတ်လိုက်တာပါပဲ။ သီချင်းကလည်း တအားပေါက်သွားတော့ ရစ်ခ်တစ်ယောက် သူ့သီချင်းဆိုတာကို သက်သေပြဖို့ ကြိုးစားရပါတော့တယ်။ အလုပ်တွေပြုတ်၊ မိန်းမနဲ့လည်း ပြဿနာတက်ပြီး လော့စ်အိန်ဂျလိစ် (LA) အထိသွားကာ ဒန်နီကို ရင်ဆိုင်တဲ့အခါ ဘာတွေဆက်ဖြစ် မလဲဆိုတာကို ရယ်စရာရော၊ လွမ်းစရာပါ ရောပြီး ကြည့်ရမယ့် ဇာတ်ကားလေးပါ။ ဂီတအနုပညာကို တကယ်ချစ်တဲ့စိတ်နဲ့ အောင်မြင်မှုကို အလွယ်တကူလိုချင်တဲ့ လောဘကြားက ကွာခြားချက်တွေကို သရော်ထားတာလေးတွေက တော်တော်လေး ထိမိပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝ၊ မိသားစုနဲ့ အောင်မြင်မှ…