Paws in the City (2025)

Genres: Comedy · Romance · TV Movie
Paws in the City (2025) ဒီကားဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကမှ ထွက်ရှိထားတဲ့ အမေရိကန် အချစ်ဟာသ (Romantic Comedy) ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ Stefanie London ရဲ့ "The Dachshund Wears Prada" ဆိုတဲ့ နာမည်ကြီးလုံးချင်းဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ခွေးချစ်တတ်သူတွေအကြိုက် ဇာတ်လမ်းဆန်းဆန်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် အီဆာ (Issa) ဟာ ဆိုရှယ်မီဒီယာ အကြံပေးပညာရှင်တစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် အမှားတစ်ခုကြောင့် အလုပ်ပြုတ်၊ ဘဝပျက်ပြီး အင်တာနက်ပေါ်မှာ Meme တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပုံနှိပ်တိုက်တစ်ခုရဲ့ CEO အသစ်ဖြစ်လာတဲ့ သီအို (Theo) နဲ့ ဆုံတာပေါ့။ သီအိုမှာ သူ့အဘွားဆီက အမွေရထားတဲ့ ခါမီလာ (Camilla) ဆိုတဲ့ Dachshund ခွေးမလေးတစ်ကောင် ရှိပါတယ်။ အဲဒီခွေးမလေးက ဘယ်သူ့ကိုမှ အဖက်မလုပ်ပေမယ့် အီဆာ့ကိုကျမှ ထူးထူးဆန်းဆန်း သံယောဇဉ်တွယ်ပြနေတာကြောင့် သီအိုက အီဆာ့ကို သူ့ရဲ့ခွေးထိန်းအဖြစ် ချက်ချင်း အလုပ်ခန့်လိုက်ပါတော့တယ်။ သီအိုက လူအများနဲ့ မဆက်ဆံချင်တဲ့ အပုန်းသမားဖြစ်ပြီး ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ရင် အရမ်းမုန်းတဲ့သူပါ။ ဒါပေမဲ့ အီဆာကတော့ ခွေးလေး ခါမီလာကို ထိန်းရင်းနဲ့ သူ့ရဲ့ ဆိုရှယ်မီဒီယာစွမ်းရည်တွေကိုသုံးပြီး ခွေးလေးရဲ့ ချစ်စရာ ပုံရိပ်တိုလေးတွေကို အပျော်တမ်း ဖန်တီးခဲ့ပါတယ်။ တစ်ဖက်မှာလည်း အီဆာနဲ့ သီအိုတို့ဟာ ခွေးလေးကြောင့် တဖြည်းဖြည်း နီးစပ်လာပြီး တစ်ယောက်ကိုတစ်ယောက် သံယောဇဉ် ရှိလာကြတာပေါ့။ ဒါပေမဲ့ အီဆာမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ သူနဲ့ သူ့ညီမဟာ သူတို့အမေကို နိုင်ငံထဲ တရားဝင်ခေါ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ ရှေ့နေခတွေကို မတတ်နိုင်ဖြစ်နေတာပါ။ အဲဒီငွေကို အပူတပြင်း လိုချင်နေတဲ့ အီဆာဟာ သီအိုကို လုံးဝအသိမပေးဘဲ ခွေးလေး ခါမီလာကို ဆိုရှယ်မီဒီယာ ခွေးလှပြိုင်ပွဲတစ်ခုထဲကို ခိုးပြီး စာ…