One Piece: Stampede (2019)

One Piece: Stampede

Genres: Fantasy · Adventure · Action · Animation

One Piece: Stampede (2019) IMDB - 7.5/10, MyAnimeList - 8.1/10 One Piece Anime ရဲ့သက်တမ်း နှစ် ၂၀ ပြည့် ထုတ်တဲ့ ၁၄ ကားမြောက် ရုပ်ရှင်ပါ။ Sky Island ပီးနောက်ကြေငြာထားတဲ့ကားပေါ့။ One Piece ဖန်တိုင်းမျှော်နေခဲ့ကြတဲ့ကားပါပဲ။ ရုံမတင်တဲ့အပြင် အကြည်ကိုလည်ပင်းရှာမျှော်ခဲ့ရတဲ့ကားပါ။ ခရမ်းချဉ်သီး 92 လုံးနဲ့ IMDB 7.5 ရထားပါတယ်။ Time Line အနေနဲ့ ကတော့ Wano မရောက်ခင်နဲ့ Big Mom ကိုသွားကလိပြီးတဲ့ အချိန်ကြားလို့ယူဆရပေမယ့် Movie ထဲမှာ လုဖီရဲ့ ဆုကြေးက ၁၅ ဘီလီယံ ဖြစ်နေတော့ Wano အပြီးလို့လဲထင်စရာရှိပါတယ်။ ဒါပေမဲ့ Non-Canon ဖြစ်တဲ့အတွက် Timeline နဲ့မဆိုင်တော့ သိပ်တော့ ခေါင်းစားစရာမရှိပါဘူး။ ကာရိုက်တာ Art ‌တွေအရ အခု Anime onging မှာ ရောက်နေတဲ့တစ်ဝိုက်လို့ပဲမှတ်ရပါတယ်။ ဇတ်လမ်း က‌တော့ ပင်လယ်ဓားပြတွေအတွက်ကျင်းပတဲ့ ပင်လယ်ဓားပြပွဲတော်ကြီး ကို အမှတ်မရှိအမြဲကမြင်းကြောထချင်‌နေတဲ့ လူဖီ က ပင်လယ်ဓားပြဘုရင် အသံကြားပြီးတော့ ဖင်တကြွကြွဖြစ်နေတာကြောင့် ရောက်သွားရာကနေ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ပါပဲ။ ပင်လယ်ဓားပြပွဲတော်မှာ Gol D Roger ရဲ့ ရတနာတစ်ခုကို ပြိုင်လုတဲ့ပွဲတစ်ခု ပါခဲ့ပြီး ကျင်းပတဲ့သူက ရော်ဂျာခေတ်က ပွဲစီစဉ်သူတစ်ယောက်ပါ။ တစ်ကမ္ဘာလုံးက ရှိရှိသမျှ ပင်လယ်ဓားပြ‌တွေ လာပြိုင်ကြပြီး Sabaody မှာရေတပ်တွေကို မိုက်‌ကြေးခွဲသွားခဲ့တဲ့ Worst Generation ထဲက လူဖီ ရဲ့ မိတ်ဆွေမကျ ရန်သူမကျကောင်‌တွေပါ လာပြိုင်ကြပါတယ်။ အဲ့ဒီမှာ ဘူးလက်ပေါ်လာပြီး အကုန်သမပါတယ်။ အများကြီးထပ်ညွှန်းရင် စပွိုင်ကြီးတွေမိကုန်ပါတော့မယ်။ Fight Scene အဂျွတ်ကြီးတွေပါပါတယ်။ ကာရိုက်တာအပိုင်း‌လေးတွေထည့်ရရင်‌တော့ အကုန်နီးပါး ပါပါတယ်ဗျ Sabo ၊ Smoker ကစလို့ မြင်တာနဲ့ဖြတ်ရိုက်ချင်စရာဆုတောင်းနဲ့ပြည့်တဲ့ Kizaru၊ Crocodile၊ Cypher 4 ၊ကလိန်ကကျစ် Foxy အဆုံး အကုန်နီးပါးပါပဲ…

You May Also Like