Nie Xiaoqian : A Chinese Ghost Story (2026)

Genres: Fantasy · Romance · Animation
“လူသားနဲ့သရဲတစ္ဆေကြားက ချစ်ခြင်းမေတ္တာဟာ ဖြစ်နိုင်ပါ့မလား” … ဒီတစ်ခါမှာတော့ အပြစ်နဲ့အကြင်နာတရားတို့တိုက်ဆိုင်ရာလမ်းခွဲတစ်ခုမှာ ချစ်မေတ္တာတရားကို ပြန်လည်ရွေးချယ်နိုင်ပါ့မလားဆိုတဲ့ Nie Xiaoqian ရဲ့ ဒဏ္ဍာရီဆန်ဆန် ချစ်ခြင်းမေတ္တာသရဲတစ္ဆေရုပ်ရှင်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ လူသားနဲ့သရဲတစ္ဆေကြားက ချစ်မေတ္တာကိုဖော်ကြူးထားတဲ့ A Chinese Ghost Story ဇာတ်လမ်းက အတော်လေးကိုနာမည်ကြီးလှပါတယ် 1987-1991 အတွင်းမှာ Live Action သုံးကားတိတိထွက်ခဲ့ပါတယ် မြန်မာအမျိုးသားထုကြီးရဲ့အချစ်တော် Liu YiFei ဟာလဲ 2011 မှာ Remake ပြန်ရိုက်ခဲ့ပါသေးတယ် ကြားထဲမှာလဲ မူကွဲအမျိုးမျိုးနဲ့ ထွက်ခဲ့တဲ့ Web Movies လေးတွေလဲရှိပါတယ် အဲ့လောက်ထိ နာမည်ကြီးတာပါ ဒီတခါမှာတော့ လှပသေသပ်တဲ့ Animation လက်ရာတွေနဲ့အတူ နောက်ပိုင်း တရုတ် Animation တွေကလဲ ကမ္ဘာကျော်တဲ့ထိနာမည်ကြီးလာတာဆိုတော့ ဇာတ်လမ်းကောင်းလေးကို ပြန်လည်ခံစားကြည့်ပါဦးစို့ Nie Xiaoqian ဆိုတဲ့အမျိုးသမီးလေးဟာ အသက် ၁၈ နှစ်အရွယ်မှာ ဆုံးပါးသွားပြီး ဘုရားကျောင်းဟောင်းတစ်ခုမှာ သင်္ဂြိုဟ်ခံခဲ့ရပါတယ် ဒါပေမဲ့လည်း သူမသေဆုံးပြီးနောက်မှာတော့ သူမရဲ့စိတ်ဝိညာဉ်ဟာ မကောင်းဆိုးဝါးတစ်ဦးရဲ့ အမိန့်အောက်မှာ လူသားတွေကိုသတ်ဖြတ်ဖို့ လှည့်လည်ရတဲ့အခြေအနေထဲကို ကျရောက်သွားခဲ့ရပါတယ် နောက်ဇာတ်ကောင်တစ်ဦးအနေနဲ့ Ningsheng ဆိုတဲ့ စာပေပညာရှင်လေးတစ်ယောက်ဟာ မြို့တော်ကိုသွားပြီး အစိုးရစာမေးပွဲဝင်ရောက်ဖြေဆိုဖို့ ခရီးဝေးထွက်လာခဲ့ပါတယ် Ningsheng ဆိုတဲ့အမျိုးသားလေးနဲ့ Nie Xiaoqian တို့တွေ့ဆုံချိန်မှာတော့ Nie Xiaoqian က မကောင်းဆိုးဝါးရဲ့အမိန့်အတိုင်း Ningsheng ကို လှည့်စားဖို့ကြိုးစားပေမဲ့လည်း Ningsheng ရဲ့ သန့်စင်တဲ့စိတ်ဓာတ်တွေ ကိုယ်ကျင့်တရားတွေကြောင့် မအောင်မြင်ခဲ့ပါဘူး Nie Xiaoqian ရဲ့ထူးခြားချက်က သရဲတစ္ဆေဖြစ်ပေမ…