My Neighbor is a Witch (2026)

My Neighbor is a Witch

Genres: Fantasy · Horror

My Neighbor is a Witch (2026) ****************************** ဒီကားဟာ သဘာဝလွန် ထိတ်လန့်စရာနဲ့ အမှောင်လောက ဇာတ်အိမ်မျိုး (Supernatural Horror / Dark Fantasy) ကို ပေါင်းစပ်ပြီး ပေါ့ပေါ့ပါးပါး ပုံစံမျိုးနဲ့ ရိုက်ကူးထားတဲ့ Indie ရုပ်ရှင်အသစ်တစ်ကား ဖြစ်ပါတယ်။ "ကိုယ့်အိမ်နားက လူဟာ စုန်းမကြီး ဖြစ်နေရင် ဘာဆက်လုပ်မလဲ" ဆိုတဲ့ စိတ်ဝင်စားစရာ အိုင်ဒီယာကို အခြေခံထားတဲ့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းက ရပ်ကွက်တစ်ခုထဲမှာ နေထိုင်ကြတဲ့ နေလာ၊ သောမတ်စ်နဲ့ ဘရီဆိုတဲ့ အလယ်တန်းကျောင်းသား သုံးယောက်ကို အခြေခံထားတာပါ။ တစ်နေ့မှာတော့ သူတို့ရဲ့ ရပ်ကွက်ထဲက ကလေးငယ်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်း မကြာခဏ ပျောက်ဆုံးသွားကြပါတယ်။ ဒီလိုနဲ့ ကလေးတွေ ပျောက်ဆုံးမှု နောက်ကွယ်မှာ ဘယ်သူရှိနေမလဲလို့ လိုက်လံစုံစမ်းရင်း သူတို့ သုံးယောက်လုံးဟာ သူတို့ရဲ့ ကျောင်းကားဒရိုင်ဘာလည်းဖြစ်၊ ဘေးအိမ်က အိမ်နီးနားချင်းလည်းဖြစ်တဲ့ အာနာဆိုတဲ့ အမျိုးသမီးကြီးကို စတင် သံသယဝင်လာကြပါတော့တယ်။ ဒီကလေးသုံးယောက်ဟာ စပ်စုပြီး အခြေအနေကို ချောင်းမြောင်း ကြည့်ရှုရင်းနဲ့ အပြင်ပန်းမှာ ရိုးရိုးရှင်းရှင်း ကျောင်းကားမောင်းသူလို့ ထင်ရတဲ့ အာနာရဲ့ အိမ်ထဲက လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိသွားကြပါတယ်။ အဲဒါကတော့ အာနာဟာ သာမန်လူမဟုတ်ဘဲ အမှောင်စွမ်းအားတွေကို သုံးစွဲနေတဲ့ စုန်းမကြီးတစ်ယောက် ဖြစ်နေတာပါပဲ။ သူတို့ သုံးယောက်ဟာ အိမ်ထဲမှာ လုပ်ဆောင်နေတဲ့ ကြောက်စရာကောင်းတဲ့ စုန်းကဝေ အစီအရင် ထုံးတမ်းတွေ (Dark Rituals) နဲ့ လူမသိသူမသိ ပုန်းအောင်းနေတဲ့ မိစ္ဆာစွမ်းအားဆိုးကြီးကို မျက်မြင်ကိုယ်တွေ့ ဖော်ထုတ်မိသွားတဲ့အခါမှာတော့ ကိုယ့်အသက်ကိုယ်လုပြီး ဒီစုန်းမကြီးရဲ့ အန္တရာယ်ကနေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက Director Omar Reid ရိုက်ကူးထားတာဖြ…

You May Also Like