My Fair Lady (1964)

Genres: Comedy · Romance · Music
My Fair Lady (1964) Genre: Musical, Romance, Drama IMDB- 7.7/10 Rotten Tomatoes - 94% အခုစာဖတ်နေတဲ့သူတွေထဲမှာ English စာကိုလေ့လာနေတာကြာနေပြီဆိုပေမဲ့ တချို့စကားလုံးတွေကို အသံထွက်မှန်မှန်မထွက်နိုင်တဲ့သူတွေရှိလား ။ အခုပြောပြမယ့်ကားလေးက ၁၉၆၅ ခုနှစ် Academy Awards (Oscars) မှာ My Fair Lady ဇာတ်ကားက ဆု ၈ ဆု အောင်ရရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။ လန်ဒန်မြို့မှာ ပန်းရောင်းတဲ့ စကားပြောလေသံမမှန်တဲ့ Eliza Doolittle ဆိုတဲ့ကောင်မလေးရဲ့ ဘဝအကြောင်းကိုရိုက်ပြထားတာ။ သူကလည်း ကျွန်မတို့လိုပဲ စကားပြောတဲ့အချိန်တွေမှာ English Pronunciation အသံမှန်မှန်မထွက်နိုင်တဲ့ကောင်မလေးတစ်ယောက်ပေါ့။ ပြောရမယ်ဆိုရင် ဆင်းရဲတဲ့မိသားစုကမို့ ပညာရေးကောင်းကောင်းသင်ကြားမလာခဲ့ရတဲ့သူပေါ့။ စာမတတ်ပေမတတ်လေးတစ်ယောက်မို့ လန်ဒန်မြို့တစ်ခွင် လမ်းမဘေးမှာပန်းလှည့်ရောင်းနေရတဲ့သူ တစ်နေ့ သူပန်းရောင်းနေတုန်း သူ့အသံထွက်မမှန်တာကိုလိုက်မှတ်နေတဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့တယ်။ အဲ့လူကတော့ ဘာသာစကားကျွမ်းကျင်တဲ့ ပါမောက္ခ Henry Higgins ဆိုတဲ့လူပဲ။ သူကအဲမှာ လူတွေရဲ့ စကားပြောလေသံမှန်မမှန်ကိုလိုက်လေ့လာပြီး ဝေဖန်နေတဲ့သူပေါ့ ။ အဲနေ့မှာပဲ Eliza က Colonel Pickering ဆိုတဲ့ အိန္ဒိယဘာသာစကားမှာ ကျွမ်းကျင်တတ်မြောက်တဲ့သူတစ်ယောက်နဲ့တွေ့တယ်။ Higgins က Eliza ကို လေသံမမှန်တော့ အဲတာကြောင့်ဆင်းရဲနေတယ်ဘာညာ နှိမ့်ချဝေဖန်ပြောနေတာ ၊ အဲ့အချိန် Pickering က Eliza ဘက်ကနေ ကူညီပြီးပြန်ပြောပေးခဲ့တာ ။ အဲလိုနဲ့သူတို့သုံးယောက်ဆုံကြတာ နောက်ကျတော့ Higgins က Eliza ကို လေသံမှန်မှန်ထွက်နိုင်ရင် အသံထွက်မှန်ရင် ဘယ်လိုကောင်းတဲ့ဘဝရနိုင်တယ် ၊ အဆင့်ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင် ပြောင်းလဲနိုင်တယ်ဆိုပြီး ပြောပြတယ် ။ အဲလိုတကယ်ဖြစ်မဖြစ်ကို စမ်းသပ်ဖို့ Higgins နဲ့ Pickering က လောင်းကြေးထပ်ခဲ့ကြတ…