

Monsters (Aka) Stvury
Stvůry
ThrillerCrime
Director: Jan Těšitel
Stvury (2025)
ဒီတစ်ခါတော့ ဥရောပဘက်က မှုခင်း၊ သည်းထိတ်ရင်ဖို ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ ချက်နိုင်ငံထုတ် "Stvůry" ဆိုတဲ့ ရုပ်ရှင်လေးပါ။ ဒါရိုက်တာ ဂျန် တီရှီတဲလ် (Jan Těšitel) ရိုက်ကူးထားပြီး နာမည်ကြီး စာရေးဆရာမရဲ့ ဆုရဝတ္ထုကို အသက်သွင်းထားတာပါ။ ဇာတ်ကားက ဥရောပမြောက်ပိုင်းက မြို့ငယ်လေးတစ်မြို့မှာ အန်နာ ဆိုတဲ့ ကျောင်းသူလေး ရက်ရက်စက်စက် အသတ်ခံရတာကနေ စထားပါတယ်။
ဇာတ်လမ်းအကျဉ်း
အမှုမှာပါတဲ့ လူသတ်သမား က သာမန်မဟုတ်ဘူးဗျ။ ကောင်မလေးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းတွေကို ဖယ်ထုတ်သွားတဲ့အပြင် အလောင်းရဲ့သွားတွေကိုပါ သေချာတိုက်ပေးသွားတဲ့အထိကို စိတ်ရောဂါဆန်ဆန် လုပ်သွားတာပါ။ အမှုကြီးကို ဖြေရှင်းဖို့ စုံထောက် လော်ရာ နဲ့ အာဒမ် တို့ ရောက်လာကြပါတယ်။ လော်ရာ က အလုပ်ပဲသိပြီး ခပ်တည်တည်နေတတ်တဲ့သူ၊ အာဒမ် ကတော့ ခံစားချက်ကို ဦးစားပေးတတ်တဲ့သူဆိုတော့ သူတို့နှစ်ယောက်ကြားမှာလည်း အမြဲလိုလို အဖုအထစ်လေးတွေ ရှိနေတတ်ပါတယ်။
အရင်က ပုံစံတူ လူသတ်မှုကျူးလွန်ဖူးတဲ့သူတစ်ယောက်ကို အဓိက သံသယတရားခံအဖြစ် သတ်မှတ်လိုက်ကြပေမယ့် အမှုက ထင်သလောက် မရိုးရှင်းပါဘူး။ သဲလွန်စတွေကနေ တစ်ဆင့် အမှုပိတ်ပြီလို့ ထင်ရတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ အထောက်အထားအသစ်တွေ ထပ်ပေါ်လာပြီး အစကနေ ပြန်စုံစမ်းရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ မြို့လေးမှာ တကယ့် လူသတ်ကောင် က ဘယ်သူဖြစ်မလဲ၊ စုံထောက်နှစ်ယောက်ကရော အမှုကို ဘယ်လိုမျိုး အဆုံးသတ်သွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် ကားလေးပါ။
အေးစက်မှိုင်းညို့နေတဲ့ ဥရောပအငွေ့အသက်တွေနဲ့ မှုခင်းဇာတ်လမ်းကောင်းကောင်း ကြိုက်တတ်တဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုသူကို အဆုံးထိ ဆွဲခေါ်သွားမယ့်ကားမျိုးမို့ အလွတ်မခံသင့်ပါဘူး။
File size… (1 GB) / (580 MB)
Quality…. WEB-DL 1080p HEVC / 720p
Format…. mkv/mp4
Genre…. Crime, Thriller
Duration…. 01:30:00
Subtitle…. Myanmar Subtitle (Hardsub)
Download Links
WEB-DL1080p1GB
⌄WEB-DL720p580MB
⌄