Mamachya Govyala Jauya (2026)

Mamachya Govyala Jauya (2026) ဂိုအာခရီးစဉ်အလွဲများ IMDb 7.2 သူငယ်ချင်း ၃ယောက် ဂိုအာသွားဖို့ ကံစမ်းမဲပေါက်ခဲ့တယ်။ နေစရိတ် စားစရိတ်ငြိမ်း ပေါက်တာက ၄ယောက်စာ သွားဖို့က ၃ယောက်ပဲရှိနေတာဆိုတော့ တစ်ယောက်ရှာပုံတော်ဖွင့်ဖို့ စဉ်းစားလိုက်တော့ ကျောင်းတုန်းက အနိုင်ကျင့်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရသွားပါလေရော။ ဘောစိလည်း ဘောစိဆိုတော့ မတွေ့တာကြာလို့ ခရီးထွက်ရအောင်လို့ လိမ်ခေါ်၊ ခရီးစရိတ်ကောက်ပြီး ဂိုအာဆီ ခရီးနှင်ခဲ့ တယ်ပေါ့။ သူတို့ထင်ထားသလို မဖြစ်တာက အဲဒီ သူငယ်ချင်းက သူ့ကလေးကိုပါ ခေါ်လာတာပါပဲ။ သောက်မယ်စားမယ်ဆို တဲ့စိတ်နဲ့သွားပေမဲ့ ဟိုကျ ကလေးထိန်းနေရတာနဲ့ အချိန်ကုန်နေတော့ စိတ်ထွက်ပေါက်အနေနဲ့ အပြင်ထွက်မိရာကနေ ကလေး ပျောက်သွားပါလေရော။ သူတို့မသိလိုက်တာက သူတို့ သူငယ်ချင်းက ဂိုဏ်းခေါင်းဆောင်အဖြစ် လူတိုင်းကြောက်ရတဲ့လူ ဖြစ်နေတာပါပဲ ။ ကဲ ဂိုဏ်းသား တွေရဲ့ ရန်ပွဲကြား ကလေးပျောက်ရှာပုံတော်ဖွင့်မဲ့ ဂိုအာခရီးစဉ်ကို အတူကြည့်လိုက်ရအောင်လား။ File size… 2.4 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 1m Subtitle….Myanmar Subtitle (Hard Sub)