Mahjong (1996)

Genres: Drama · Crime · Comedy
Mahjong (1996) IMDb Rating (7.4) / Rotten Tomatoes (77%) ယန်းရုပ်ရှင်တွေထဲမှာ ထိုင်ဝမ်ရဲ့ ရုတ်ခနဲ တဟုန်ထိုးတိုးတက်နေတဲ့ အခြေအနေနဲ့ အဲဒီတိုးတက်နေတဲ့ အခြေအနေမှာ ပျက်ယွင်းလာတဲ့ လူနေမှုတွေကို တင်ပြနေကျပါပဲ။ ထိုင်ဝမ်ကလည်း အခုထိ တော်တော်နည်းပညာပိုင်းကအစ တော်တော်အားကောင်းတုန်းပဲ။ လက်ရှိသုံးနေရတဲ့ စက်တော်တော်များများက CHIPSတွေမှာ ထိုင်ဝမ်ရဲ့ TSMCနဲ့ ကင်းတာလည်း ရှားတယ်။ အတ်ဒ်ဝတ်ယန်းဟာ ထိုင်ဝမ်ရဲ့ တိုးတက်နေတဲ့ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ လူသက်သက်မဟုတ်ခဲ့ဘူး။ ရုပ်ရှင်လောကထဲ မဝင်ခင် သူက ထိုင်ဝမ်မှာရော ဖလော်ရီဒါမှာရော electrical engineering နဲ့ မာစတာဘွဲ့ရခဲ့တယ်။ နောက်တော့ နည်းပညာလောကထဲ ဝင်ပြီး အမေရိကန်မှာ မိုက်ခရိုကွန်ပျူတာနဲ့ ဆော့ဝဲလ်တွေ လုပ်ခဲ့တယ်။ အဲဒီလိုလုပ်နေရင်းနဲ့မှ ရုပ်ရှင်တွေကြည့်ရင်းက ငယ်ငယ်ကရှိခဲ့တဲ့ ရုပ်ရှင်ပိုးပြန်ကြွလာပြီး ထိုင်ဝမ်ကို ပြန်လာပြီး ရုပ်ရှင်တွေရိုက်ခဲ့တဲ့သူ။ ယန်းက အရှိန်အဟုန်နဲ့ သွားနေတဲ့ခေတ်ကြီးကို ဝင်စီးမျောခဲ့သလို အဲဒီအရှိန်အဟုန်တွေရဲ့နောက်မှာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် နောက်ချန်နေခဲ့တဲ့သူလည်းဟုတ်တယ်။ အတ်ဒ်ဝတ်ယန်း ရုပ်ရှင်က ၇ကားပဲရှိပေမဲ့ အာမခံလို့ရတာတော့ ၇ကားလုံးက ယောင်လို့တောင် တစ်ကားမှ ပယ်စရာမရှိတဲ့ ရုပ်ရှင်ကောင်းတွေချည်းပဲ။ ဒီမာကျောက်ကတော့ Ratingအရ အညံ့ဆုံးကားဖြစ်မယ်။ ဒါပေမဲ့ Ratingတွေဆို တစ်ဝက်ပဲ ယုံလို့ရတဲ့ အရာတွေပဲမလား။ ကျွန်တော့်အနေနဲ့တော့ ဒီကားကို သူ့တစ်ချို့ကားတွေထက်တောင် ပိုကြိုက်တယ်။ သူ့ကားတွေ ကြည့်လာရင်း ဒီကားကျမှ ပြန်သတိထားမိတဲ့အချက်က ယန်းရဲ့ ထိုင်ပေကို တင်ဆက်ပုံဟာ ဝူဒီအယ်လန် နယူးယောက်ကို တင်ဆက်ပုံနဲ့ ဆင်တော့ဆင်နေတယ်ဆိုတဲ့အချက်ပေါ့။ မတူတာက ယန်းက မြို့ရဲ့အလှတရားကို မရှာဘူး။ ဇာတ်ကောင်နယ်ချဲ့မှုကလည်း မတရားကျယ်တယ်။ ဇာတ်ကောင်တွေကို ဇာတ်အိမ်မှာ စီထည့်ထားတာ…