Leviticus (2026)

Leviticus

Genres: Horror · Romance

Leviticus (2026) 4K HEVC ဒီဇာတ်ကားကတော့ Queer Coming-of-Age, Supernatural Horror နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Adrian Chiarella က ရိုက်ကူးထားပြီး Joe Bird, Stacy Clausen နဲ့ Mia Wasikowska တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ကားနာမည်ဖြစ်တဲ့ Leviticus ဆိုတာ ခရစ်ယာန်သမ္မာကျမ်းစာ (Old Testament) ထဲမှာပါတဲ့ ၃ အုပ်မြောက် ကျမ်းစာအုပ် (ဝတ်ပြုရာကျမ်း) ကို ခေါ်တာဖြစ်ပါတယ်။ ဒီကျမ်းစာအုပ်ထဲမှာ ဘာသာရေးဆိုင်ရာ စည်းမျဉ်းဥပဒေတွေ၊ ဝတ်ပြုမှုနည်းလမ်းတွေနဲ့ ကျင့်ဝတ်စံနှုန်းတွေကို အသေးစိတ် ရေးသားထားတာပါ။ အထူးသဖြင့် Leviticus (ဝတ်ပြုရာကျမ်း) ထဲမှာ အမျိုးသားချင်း ချစ်ကြိုက်စုံမက်တာကို အပြစ်ကြီးတစ်ခုအဖြစ် ပိတ်ပင်ထားတဲ့ ကျမ်းစာပိုဒ်တွေ ပါဝင်တာကြောင့်၊ ဒီရုပ်ရှင်မှာ Leviticus လို့ နာမည်ပေးထားတာဟာ ဘာသာရေးဆိုင်ရာ အယူသည်းမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ဇာတ်လမ်းထဲက ကောင်လေးနှစ်ယောက် ကြုံတွေ့ရတဲ့ ဘာသာရေးအဓမ္မပြုပြင်ရေး ကုထုံးတွေကို ပေါ်လွင်စေချင်လို့ တိုက်ရိုက်ရည်ညွှန်းပြီး မှည့်ခေါ်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဩစတြေးလျနိုင်ငံက ဘာသာရေးအယူသည်းမှုတွေ လွှမ်းမိုးထားတဲ့ မြို့ငယ်လေးတစ်မြို့မှာ နိမ်း နဲ့ ရိုင်ယန်ဆိုတဲ့ လူငယ်ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်နဲ့ စိတ်ကစားမိကြရာကနေ ဇာတ်လမ်းစတာပါ။ ဒါပေမဲ့ သူတို့နေတဲ့ အသိုင်းအဝိုင်းက ဒါကို လက်မခံနိုင်ဘဲ ဘာသာရေးအခမ်းအနား ရိုးရာကုထုံးတစ်ခုနဲ့ အတင်းအကျပ် ပြုပြင်ဖို့ ကြိုးစားကြပါတယ်။ အဲဒီ အခမ်းအနားကနေတစ်ဆင့် မထင်မှတ်ဘဲ ကြောက်စရာကောင်းတဲ့ မိစ္ဆာကျိန်စာတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမိစ္ဆာရဲ့ အဆိုးဆုံးနဲ့ အကြောက်စရာအကောင်းဆုံး အချက်ကတော့ သူတို့ အချစ်ရဆုံး၊ အလိုချင်ဆုံး ဖြစ်နေတဲ့သူရဲ့ ပုံစံကို ဖန်ဆင်းပြပြီး လိုက်လံဒုက္ခပေး သ…

You May Also Like