Killing the Competition (2025)

Killing the Competition

Genres: Drama · TV Movie

Killing the Competition (2025) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်တွေကိုအခြေခံထားပေမယ့် ဇာတ်ကောင်တွေနဲ့ဇာတ်လမ်းကတော့ စိတ်ကူးဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာက Lee Gabiana ဖြစ်ပါတယ်။Jane Espenson နဲ့ Christina Welshတို့ကရေးသားပေးထားပါတယ်။ သားသမီးနဲ့မိဘဆိုတာကတော့ မိဘကလည်းသားသမီးကို “မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်ဆိုပေမဲ့ “ တစ်ချို့အရာတွေမှာကိုယ့်အမြင်နဲ့ကိုယ်တစ်အားမှန်တယ်ထင်ပြီး ထိန်းချုပ်ဖို့ကြိုးစားလာတဲ့အခါ ပဋိပက္ခဖြစ်လာတာကိုပြထားပါတယ်။ သားသမီးကလည်းကိုယ့်အမြင်နဲ့ကိုယ်ထင်ရာကိုကောက်ချက်ဆွဲမိဘစိတ်ထိခိုက်အောင်ပြောလာမျိုးကလည်းဖြစ်တတ်တဲ့သဘာဝတွေပါပဲ။ နောက်တစ်ခုက မိဘတွေရဲ့ အငုံ့စိတ်တွေ စိတ်ရင့်ကျက်မှုအဆင့်တွေကလည်း သားသမီးကိုထိန်းကျောင်းပုံသွင်းတဲ့နေရာမှာလာရိုက်ခတ်တဲ့အပြင်ကိုယ်ကိုယ်တိုင်ရဲ့ဘဝကိုပါထိခိုက်သွားနိုင်တာရှိပါတယ်။ အဖြစ်အပျက်တွေသာမတူမယ်လက်တွေ့ဘဝတွေမှာဒီလိုပဋိပက္ခတွေရှိနေတဲ့အတွက်လည်းဒီဇာတ်ကားကိုဖြစ်ရပ်မှန်လို့ပြောထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း အဲလစ်ဇဘက်ဖန်းဝှစ်ခ်( Melissa Joan Hart)က မိသားစုနဲ့အတူသူ့ဇာတိမြို့လေးကိုပြန်ပြောင်းလာပါတယ်။ သူ့မှာ ဂရေ့စ်ဆိုတဲ့သမီးလေးတစ်ယောက်နဲ့ဂျက်ခ်ဆန်ဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ်။ယောကျာ်းကလည်း အဲလစ်ဇဘက်ကိုချစ်ရှာပါတယ်။ ဂရေ့စ်(Lily Brooks O'Briant) ကသူ့အမေတက်တဲ့ အထက်တန်းကျောင်းမှာပြန်တက်ပါတယ်။ ထရက်ရှာရတ်စ်အကအဖွဲ့မှာပါဖို့ လူရွေးပွဲလုပ်တဲ့အခါ အဲလစ်ဇဘက်က ဂရေ့စ်ကိုသင်ပေးပါတယ်။ သူကိုယ်တိုင်ကလည်းတစ်ချိန်က ထရက်ရှာရတ်စ်အဖွဲ့မှာပါခဲ့ပြီး အဲဒီတုန်းကတော့ သူ့ကသူသိများတဲ့ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ တကယ်ရွေးတော့ ဂရေ့စ်အရွေးမခံရဘူး။ အဲလစ်ဇဘက်က ချက်နဲ့လက်နဲ့ဘုတ်အဖွဲ့ကိုစောဒကတက်လိုက်တော့ ဂရေ့စ်တင်မကဘူး ပယ်ချခံထားရတဲ့မိန်းကလေးတွေကိုပါလက်ခံလိုက်ပါတယ်။ ဂရေ့စ်က သူ့က…

You May Also Like