Advertisement
KD – The Devil

KD – The Devil

ಕೆಡಿ - ದಿ ಡೆವಿಲ್

★ 5.0📅 2026⏱ 141 min👥 1 votes
FantasyCrimeActionHistory

Director: Prem

"I MEAN IT'S BETTER THAN MARTIN"

KD The Devil (2026) နတ်ဆိုး IMDb (7.8/10) Bollywood ရဲ့နာမည်ကြီးတွေဖြစ်ကြတဲ့ မင်းသား Dhruva Sarja နဲ့ မင်းသားကြီး Sanjay Dutt တို့ပါ၀င်သရုပ်ဆောင်ထားကြတဲ့ အက်ရှင်သည်းထိတ်ရင်ဖို ဇာတ်ကား‌တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ကာလီ (KD) ဆိုတာ ရင်းနှီးတဲ့ မိသားစု ပတ်ဝန်းကျင်လေးထဲမှာ ရေနံဆီရောင်းလိုက် လူမိုက်ကလေကချေ လုပ်လိုက်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းချင်ခဲ့တဲ့ ရည်မှန်းချက်သေးသေးလေးပဲရှိသူ သာမန်လူငယ်တစ်ယောက်ပေါ့။ ဒါပေမဲ့ မမျှော်လင့်ဘဲ မှားယွင်းမိခဲ့တဲ့ ခြေလှမ်းတချို့နဲ့ ပြင်ပလောကရဲ့ ရိုက်ခတ်မှုတွေက သူ့ကို သြဇာကြီးမားလွန်းတဲ့ မြေအောက်ရာဇဝတ်ဂိုဏ်းတွေနဲ့ ထိပ်တိုက်တွေ့အောင် တွန်းပို့ခဲ့ပါတယ်။ နာမည်ကျော် လူမိုက်ကြီး ဒါ့ခ် ဒေဗာ အပေါ် အားကျစိတ်၊ စည်းကမ်းကြီးပြီး လမ်းမှန်အတိုင်းလျှောက်တဲ့ အစ်ကိုဖြစ်သူ ဒါရ်မာ နဲ့ စိတ်ဓာတ်ပြတ်သား ထက်မြက်လွန်းတဲ့ ချစ်သူ လက်ရှ်မီး တို့အကြားမှာ ကာလီတစ်ယောက် အကြမ်းဖက်မှု၊ သစ္စာစောင့်သိမှုနဲ့ အာဏာလုပွဲတွေ ပြည့်နှက်နေတဲ့ အမှောင်လောကထဲကို မလွဲမရှောင်သာ တဖြည်းဖြည်းချင်း မျောပါသွားခဲ့ရပါတော့တယ်။ မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကနေ မိသားစုကို အကာအကွယ်ပေးလိုစိတ်၊ သစ္စာဖောက်ခံရမှုတွေနဲ့ ကလဲ့စားချေလိုစိတ်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ ရုန်းကန်လှုပ်ရှားမှုတွေဟာ အရှိန်မြင့်လာပြီး အနှိမ်ခံ အောက်ခြေလူတန်းစားလေး ကာလီတစ်ယောက် ရာဇဝတ်လောကရဲ့ ထိပ်ပိုင်းမှာ လူတိုင်းကြောက်ရွံ့ရိုသေရတဲ့ ရာဇဝတ်သားကြီးတစ်ဦးအဖြစ် ဘယ်လိုအသွင်ပြောင်းလဲသွားမလဲ...။ ဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့ နောက်ကွယ်က ကြိုးကိုင်မှု၊ နိုင်ငံရေးဖိအားတွေနဲ့ ပြိုင်ဘက်ဂိုဏ်းတွေကြား အကျိုးစီးပွားလုပွဲတွေအပြင် သစ္စာတရားတွေ ပျက်ပြားပြီး ကိုယ်ကျင့်တရားတွေ ဝေဝါးနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ လောကအကြမ်းစားကို ရင်သပ်ရှုမောဖွယ် ရှုစားကြရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size… 3.84 GB / 2.23 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub)
Advertisement

Download Links

WEB-DL1080p3.84 GB
WEB-DL720p2.23 GB
Advertisement