Horse Girl

Horse Girl

★ 5.7📅 2020⏱ 103 min👥 612 votes
Drama

Director: Jeff Baena

Horse Girl (2020) -------------- အိမ်မက်ထဲက လူတွေ လက်တွေ့ဘဝထဲရောက်လာတဲ့အခါ ဘာတွေဖြစ်မလဲကြည့်ရမယ့် Horror ဆန်ဆန် Drama ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ အပေါင်းအသင်း နည်းပါးပြီး လူသူနဲ့ ခပ်ဝေးဝေး နေတတ်တဲ့ ကောင်မလေး ဆာရာ အကြောင်းကနေ စတင်ထားတာပါ။ ဆာရာဟာ လက်မှုအနုပညာ လုပ်ရတာ၊ မြင်းစီးရတာနဲ့ ပရလောက စုံထောက်ဇာတ်လမ်းတွဲတွေကို ကြည့်ရတာကို မြတ်နိုးသူတစ်ယောက်ပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ သူမဆီမှာ ထူးဆန်းလှတဲ့ အိမ်မက်တွေ၊ အိပ်ပျော်ရင်း လမ်းလျှောက်တာတွေနဲ့ အချိန်တွေ ပျောက်ဆုံးသွားတဲ့ အတွေ့အကြုံတွေ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပါတယ် .. အဆိုပါ အိမ်မက်ဆိုးတွေဟာ အချိန်ကြာလာတာနဲ့အမျှ လက်တွေ့ဘဝထဲအထိ ဝင်လာပြီး... ဆာရာဟာ သူမကိုယ်သူမ ဂြိုဟ်သားတွေရဲ့ ဖမ်းဆီးခြင်း ခံနေရတာလား၊ သို့မဟုတ် မိသားစုအစဉ်အဆက် ပါလာတဲ့ စိတ်ဝေဒနာလားဆိုတာကို မသဲကွဲတော့ဘဲ လက်တွေ့နဲ့ အိမ်မက်ကြားမှာ ရူးမတတ် ဖြစ်လာပုံကို ကြည့်ရမှာ ဖြစ်ပါတယ်။

Download Links

WEB-DL1080p1.32 GB
⌄
WEB-DL720p768.19 MB
⌄