Give You A Candy (2026)

Give You A Candy

Genres: Drama · Family

သေဒဏ်ကျခံရဖို့ နာရီပိုင်းအလိုမှာ ငလျင်ကြီးလှုပ်ခတ်သွားပြီး အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင် အဲဒီလူဟာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် အပျက်အစီးတွေကြားထဲက တခြားလူတွေကို ကယ်တင်မလား။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းနဲ့အတူ လူ့သဘာဝရဲ့ အလင်းနဲ့အမှောင်ကို အကောင်းဆုံး ရိုက်ကူးပြထားတဲ့ တရုတ် Disaster Drama ဇာတ်ကားသစ်ကြီး "Give You A Candy " (出入平安) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Xiao Yang, Ayunga, Guli Nazha နဲ့ Huang Xiaolei တို့က အဓိကပါဝင်အားဖြည့်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေရဲ့ ရင်ကို ထိရှစေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း >>> ကျန့်လိကွင့် ဟာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်ပြီး သူ့ကို ကွပ်မျက်ဖို့ ခေါ်ဆောင်သွားတဲ့ လမ်းမှာပဲ မထင်မှတ်ဘဲ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု ဝင်ရောက်လှုပ်ခတ်သွားခဲ့ပါတယ်။ အကျဉ်းထောင်ကြီးတစ်ခုလုံး အပျက်အစီးတွေအဖြစ် ပြိုကျသွားချိန်မှာတော့ သေဘေးကနေ သီသီလေးလွတ်မြောက်သွားတဲ့ကျန့်လိကွင့် နဲ့ တခြားအကျဉ်းသားတွေဟာ ရုတ်တရက် လွတ်လပ်ခွင့်ရသွားသလို ဖြစ်သွားပါတော့တယ်။ဒါပေမဲ့ အဲဒီလွတ်လပ်ခွင့်ဟာ တကယ့်လွတ်လပ်ခွင့်မဟုတ်ဘဲ နောက်ထပ် ငရဲခန်းတစ်ခုထဲကို ကျရောက်သွားတာနဲ့ အတူတူပါပဲ။ တစ်ချိန်တည်းမှာပဲ တာဝန်ကျေပွန်တဲ့ အကျဉ်းထောင်အစောင့်ရဲအရာရှိ ယွီချီရှောင် ဟာ အပျက်အစီးတွေကြားထဲက လူတွေကို ကယ်တင်ဖို့အတွက် ရဲတွေနဲ့ အကျဉ်းသားတွေ ပူးပေါင်းထားတဲ့ "အထူးကယ်ဆယ်ရေးအဖွဲ့" တစ်ခုကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတော့တယ်။ ဇနီးဖြစ်သူကို စိတ်ပူပြီး ထွက်ပြေးဖို့ချည်းပဲ ကြိုးစားနေတဲ့ ကျန့်လိကွင့် တစ်ယောက် ရဲအရာရှိ ယွီချီရှောင်ရဲ့ တားဆီးမှုတွေကြားထဲကနေ ဘယ်လိုဆက်လုပ်မလဲ။ သဘာဝဘေးအန္တရာယ်ကြီးရှေ့…

You May Also Like