Eyes Wide Shut (1999)

Eyes Wide Shut

Genres: Drama · Mystery · Thriller

Eyes Wide Shut ( 1999 ) IMDB : 7.5 Rotten Tomatoes : 76% Genre : Thriller / Mystery ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ မှော်ဆရာတစ်ပါးဖြစ်တဲ့ စတန်လေကူးဘရစ် မသေခင် နောက်ဆုံးရိုက်ခဲ့တဲ့ရုပ်ရှင်။ post-productionပြီးတဲ့အထိ သူမရှိသွားရတဲ့ ရုပ်ရှင်ပါပဲ။ ၉၉မှာထွက်တဲ့ ကားပေမဲ့ ဒီကားကို ရိုက်ဖို့ မူရင်းဇာတ်လမ်းဖြစ်တဲ့ ဂျာမန်ဝတ္ထု Dream Storyကို ၁၉၆၈မှာဖတ်မိတုန်းက ကူးဘရစ် က စိတ်ကူးစရခဲ့တယ်။ ရုပ်ရှင်အတွက်တော့ အမေရိကန်ပုံစံဖြစ်အောင် ပြန်ပြောင်းထားတယ်။ စစကတော့ သူက ဝူဒီအယ်လန်ကို မင်းသားတင်ရိုက်ဖို့တွေးသေးတယ်။ နောက်ကျ တွမ်ဟန့်တို့ ဘီလ်မာရေးတို့ ဒတ်စတင် ဟော့မန်းတို့ကို မင်းသားတင်ရိုက်ဖို့တွေးသေးတယ်။ နောက်ကျ Born on the Fourth of July ထဲက တွမ်ခရုစ်ရဲ့ သရုပ်ဆောင်မှုကိုကြည့်ပြီး တွမ်ခရုစ်ကိုပဲ ကူးဘရစ်ကိုယ်တိုင်ရွေးခဲ့တယ်။ မြင်ရတဲ့ ဇာတ်လမ်းအရ‌တော့ ကျန်တဲ့လူတွေထက် နောက်ဆုံးသူရွေးခဲ့တဲ့ တွမ်ခရုစ်နဲ့ ဒီဇာတ်ကောင်က အလိုက်ဖက်ဆုံးပဲ။ ပြောသာပြောရတယ်။ ဒီကာလက တွမ်ခရုစ်ကားတွေက ရှယ်တွေများတယ်။ နောက်မှသာ အက်ရှင်ချည်းထွက်တော့တာ။ ဒီနှစ်တော့ Alejandroနဲ့ Digger ရိုက်ဖို့ရှိလာပြီ။ ဆက်ရရင် ကူးဘရစ်က တွမ်ခရုစ်ကိုရော ကစ်မန်းကိုရော ဒီကားမပြီးခင် တခြားပရောဂျက်လက်မခံဖို့တော့ သတ်မှတ်ထားခဲ့တယ်။ ကူးဘရစ်က သူစိတ်တိုင်းမကျမချင်း အရေးမပါဘူးထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကိုတောင် ပြန်ပြန်ရိုက်တတ်တဲ့လူမျိုး။ တံခါးပေါက်ကနေ အပြင်ထွက်သွားတဲ့ ဇာတ်ဝင်ခန်းကိုတောင် အထပ်ထပ် ရိုက်ရင်လည်းရိုက်တဲ့လူ။ တွမ်ခရုစ် တံခါးပေါက်ကနေ ထွက်သွားတဲ့ ဇာတ်ဝင်ခန်းကိုတောင် ၉၅ခါ ပြန်ရိုက်ခဲ့တယ်။ ကစ်မန်းကတော့ ပြောတယ်။ စတန်လေအတွက် အချိန်က အရေးအကြီးဆုံးပဲ။ ဘတ်ဂျက်အရ လိုကေးရှင်းကိုသာ စွန့်လွှတ်ရင် စွန့်လွှတ်မယ်။ အချိန်ကိုတော့ သူလိုသလောက်ယူတတ်တဲ့လူတဲ့။ ရိုက်ရင်း တွမ်ခရုစ်ဆို ဖ…

You May Also Like