Double Occupancy (2026)

Double Occupancy

Genres: Drama · Fantasy · Romance

Double Occupancy (2026) နှစ်ကိုယ်ခွဲ ကြည့်နေကျ အချစ်ဒရာမာဇာတ်လမ်းတွေလိုမဟုတ်ဘဲ ဇာတ်လမ်းကဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဗယ်လီတို့ဖနီးမောင်နှံဟာ ကလေးမရနိုင်ဘဲ ၁၅ နှစ်ကြာမှ ရာဂျီနီ ဆိုတဲ့ ကလေးတစ်ယောက် မွေးဖွားလာပါတယ်။အဲဒီကလေးငယ်မှာ ထူးခြားဆန်းပြားတဲ့ ဘုရားပေးတဲ့ဆု (သို့) မွေးရာပါချို့ယွင်းချက်တစ်ခုကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ဟာ တစ်ရက်ကို နှစ်ကိုယ်ခွဲဖြစ်နေရပါတယ်။မနက် ၆:၀၀ နာရီမှ ညနေ ၆:၀၀ နာရီအထိ အမျိုးသမီးအဖြစ် ရှင်သန်ရပြီး DNA သုတေသနကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ညနေ ၆:၀၀ နာရီမှ မနက် ၆:၀၀ နာရီအထိ အမျိုးသားအဖြစ် ပြောင်းလဲသွားပြီးတော့ ညပိုင်းမှာ Bartender တစ်ဦးအဖြစ် အလုပ်လုပ်ပါတယ်။ခန္ဓာကိုယ်တစ်ခုတည်းကို အချိန်ခွဲပြီး အသုံးပြုနေရပေမဲ့ သူတို့နှစ်ယောက်ရဲ့ စိတ်နေသဘောထား၊ ဝါသနာနဲ့ အိမ်မက်တွေက လုံးဝမတူညီကြပါဘူး။ သူတို့နှစ်ဦးလုံးမှာ ကိုယ်စီအချစ်ဇာတ်လမ်းတွေ ရှိလာတဲ့အခါမှာတော့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ရယ်မောဖွယ်ရာတွေရှိလာသလို သူတို့ရဲ့ထူးခြားချက်ကြောင့် ရှုပ်ထွေးမှုတွေကလည်းစတင်လာပါတော့တယ်။ File size…1.8 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub)

You May Also Like