Demon Agent (2026)

Genres: Mystery · Comedy · Animation
စက်သွားယန္တရားတွေ၊ မှော်ပညာတွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ခမ်းနားလှတဲ့ ချန်အန်း (Chang'an) မြို့ကြီးထဲမှာ လူသားတွေနဲ့ မိစ္ဆာတွေ အတူတကွ ယှဉ်တွဲနေထိုင်ကြမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ ဒီတစ်ခါမှာတော့ (နာမည်ကျော် Jiang Ziya ကားကြီးရဲ့ ဒါရိုက်တာဖြစ်သူ Cheng Teng ကိုယ်တိုင် ရိုက်ကူးထားပြီး) ၂၀၂၆ ခုနှစ် သြဂုတ်လမှာ အသစ်ထွက်ရှိထားတဲ့ တရုတ် 3D Animation Mystery Comedy ကားကြီးဖြစ်တဲ့ "Demon Agent (2026) နဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ဒီကားကြီးဟာ တရုတ်နိုင်ငံရဲ့ "ပထမဆုံးသော ဟာသနဲ့ စုံထောက် အန်နီမေးရှင်းကားကြီး" အဖြစ် မှတ်တမ်းဝင်ထားပြီး၊ စက်ယန္တရား အငွေ့အသက်တွေနဲ့ ရှေးခေတ် ထန်မင်းဆက် ကို အမိုက်စား ပေါင်းစပ်ပုံဖော်ထားတဲ့ရုပ်ထွက် (CGI) တွေကြောင့် ပရိသတ်တွေကို အထူးပဲ ဆွဲဆောင်နိုင်ခဲ့တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း >>> လူနဲ့ မိစ္ဆာတွေ ရောနှောနေထိုင်တဲ့ လှပဆန်းကြယ်တဲ့ ချန်အန်း စက်ရုပ်မြို့တော်ကြီးမှာ ဇာတ်လမ်းကို စတင်ထားပါတယ်။ ဇာတ်လိုက်ဖြစ်သူ Di Shao ဟာ ချန်အန်းမြို့ရဲ့ နံပါတ်တစ် စုံထောက်ဖြစ်လာဖို့ အိပ်မက်မက်နေတဲ့ အလွန်ထက်မြက်ပေမဲ့ အပြောအဆိုကြမ်းတမ်းတဲ့ လူငယ်ပါရမီရှင်လေးပါ။ တစ်ဖက်မှာလည်း Asar လို့ခေါ်တဲ့ ဝံပုလွေမိစ္ဆာလေးဟာ သိုင်းပညာအရမ်းတော်ပေမဲ့ စိတ်ထားဖြူစင်လွန်းတဲ့ ရဲမင်းကြီးအဖွဲ့က အလုပ်သင်လေးပါ။လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနဲ့ မိစ္ဆာ သူတို့နှစ်ယောက်ဟာ ချန်အန်းမြို့ကြီးကို တုန်လှုပ်သွားစေတဲ့ ထူးဆန်းတဲ့ လူသတ်မှုကြီးတစ်ခုကို အတူတူ ဖြေရှင်းဖို့ မထင်မှတ်ဘဲ အဖော်ဖြစ်လာကြပါတော့တယ်။ ပြစ်မှုကျူးလွန်သူကို ရှာဖွေရင်း သူတို့နှစ်ယောက်ရဲ့ ရန်ဖြစ်လိုက်၊ ဟာသတွေလုပ်လိုက်၊ အသက်လုပြေးလိုက်နဲ့ စုံထောက်ခရီးစဉ်ဟာ တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောချင်စရာပါ။ ဒါပေမဲ့ တကယ့်ဇာတ်လမ်းက အဲဒီလောက်နဲ့ မပြီးသွားပါဘူး…