Crimes and Misdemeanors (1989)

Genres: Drama · Crime · Comedy
Crimes and Misdemeanors (1989 ) နယူးယောက်ကာမှာ ဘုရားသခင်ကိုရှာဖို့ အလွတ်စုံထောက်ငှားတဲ့အကြောင်း ဝူဒီအယ်လန်က ဝတ္ထုတိုတစ်ပုဒ်ရေးဖူးတယ်။ အဲဒီဇာတ်မှာ စုံထောက်က ဘုရားသခင်ကိုရှာမတွေ့ဘဲ ဘုရားသခင်ကို ဖြစ်တည်မှုပဓာနဝါဒီတစ်ယောက်က သတ်လိုက်ပြီဆိုတာကိုပဲ သိခဲ့ရတယ်။ အင်ဂမာဘာ့ခ်မန်းက ဝူဒီအယ်လန်ကို လွှမ်းမိုးမှုအရှိဆုံး ဒါရိုက်တာလို့ အယ်လန်ကိုယ်တိုင်ပြောခဲ့ဖူးတယ်။ အယ်လန်က ဘာ့ခ်မန်းက သူကြည့်ဖူးသမျှထဲ အကြီးကျယ်ဆုံးရုပ်ရှင်ဖန်တီးသူလို့မြင်ခဲ့တယ်။ ဒါကြောင့်မို့လည်း နေမယ် အယ်လန်ရဲ့တစ်ချို့ရုပ်ရှင်တွေက တစ်ခုခုကို ချပြတာမဟုတ်ဘဲ မေးခွန်းတစ်ခုခုထုတ်နေသလိုဖြစ်နေတာတွေလည်းရှိတယ်။ ဘာ့ခ်မန်းကတော့ အမြဲအဲဒီအလုပ်ကိုပဲ လုပ်ခဲ့တာပါ။ ဘာ့ခ်မန်းဟာ ဘုရားသခင်ကို ရှာတယ်။ ဖြစ်တည်မှုကို ရှာတယ်။ ဒါပေမဲ့ ဘာ့ခ်မန်းက ယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတာ။ အယ်လန်ကတော့ Absurdityနဲ့ Existentialismတို့ဘက် ပိုရောက်တယ်ဆိုတော့ သူက မယုံကြည်သူတစ်ယောက်ရဲ့ ရှာနည်းမျိုးနဲ့ရှာတယ်။ သူ့Idolနဲ့ ဝူဒီအယ်လန်က ဆုံဖူးရင်းနှီးဖူးခဲ့တုန်းကတော့ ဘယ်လိုများအပေါက်အလမ်းတည့်ကြသလဲ မသိဘူးပေါ့။ Crimes and Misdemeanorsက ဝူဒီအယ်လန်ရဲ့ ဘုရားသခင်နဲ့ ဖြစ်တည်မှုကို မေးခွန်းထုတ်တဲ့ရုပ်ရှင်လို့ ပြောရမလားတော့မသိဘူး။ ဒါပေမဲ့ သူရိုက်နေကျအတိုင်း သူ့ပုံစံနဲ့ပဲ မေးခွန်းထုတ်ထားတာပါပဲ။ ဒီရုပ်ရှင်ကို တစ်ချို့ဝေဖန်ရေးသမားတွေကတော့ ဝူဒီအယ်လန်ရဲ့ အကောင်းဆုံးကားလို့ ပြောကြတာတွေလည်းရှိတယ်။ ဝူဒီအယ်လန်ရုပ်ရှင်ပီသစွာပဲ ဇာတ်ညွှန်းဆုတော့ မလွတ်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ အကြောင်းအရာကတော့ လူသတ်မှုတစ်ခုအကြောင်းလိုလို၊ စုံထောက်ကားလိုလို ဆန်တယ်။ ဒါကလည်း ဝူဒီအယ်လန်က Comedyအားသန်တဲ့လူပေမဲ့ သူက တခြားလုပ်ကြည့်ချင်တာတွေလည်းရှိတယ်။ သူက ဒရာမာသမားဖြစ်ချင်တာလို့တောင် ပြောတယ်။ ဒရာမာက ပိုခက်…