Children Who Chase Lost Voices (2011)

Genres: Fantasy · Family · Adventure · Animation
Children Who Chase Lost Voices (2011) IMDb - 7.1/10, MyAnimeList - 7.5/10 Anime လောကမှာ ဆြာတစ်ပါးဖြစ်တဲ့ Makoto Shinkai ကို နာမည်မကြားဘူးရင်တောင် Your Name တို့ Weathering With You တို့ကို သိကြလိမ့်မယ် ထင်ပါတယ်။ အခုရုပ်ရှင်လေးက ဒီဆရာသမားရဲ့ 2011 ထွက် ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ဇာတ်ညွန်း ရိုက်ချက် နောက်ခံတေးဂီတတွေ ပြောစရာမလိုအောင်ကောင်းမယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Asuna ဆိုတဲ့ကျောင်းသူလေးကစာတော်တဲ့ စာဂျပိုး ကလေးမလေးပါ။ အဖေဖြစ်သူကဆုံးပါးသွားပြီး အမေဖြစ်သူက သူနာပြုအလုပ်တစ်ဖက်နဲ့ Asuna ကိုအချိန်မပေးနိုင်ပါဘူး။ ဒီတော့ Asuna ဟာ ညနေဆိုရင် Mimi ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တောင်ကုန်းတစ်ခုပေါ်တက်ပြီး အဖေလက်ဆောင်ပေးခဲ့တဲ့ အသံလှိုင်းဖမ်းရေဒီယိုလေးနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူမတစ်ခါမှမကြားဖူးပေမဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တဲ့ သံစဉ်တစ်ခုကိုကြားလိုက်ရပြီး အဲဒီအကြောင်းပဲ တွေးနေမိတယ်။ နောက်ရက်မှာတော့ Asuna တို့မြို့ထဲမှာ ဝက်ဝံလိုအကောင်ကြီးလွတ်နေတယ်ဆိုပြီး သတင်းတွေပျံ့နေပါတော့တယ်။ ဒါကြောင့် ညနေကျောင်းဆင်းချိန်မှာပဲ Asuna နဲ့ အဲဒီအကောင်ကြီး ထိပ်တိုက်တွေ့တဲ့အချိန် Shun လို့ခေါ်တဲ့ကောင်လေးက ကယ်တင်ပေးလိုက်ပြီး နှစ်ဦးသား ရင်းနှီးသွားကြပါတယ်။ နောက်တစ်ရက်မှာတော့ ချိန်းထားပေမဲ့ကောင်လေးကပေါ်မလာပါဘူး။ Asuna ကျောင်းဆင်းချိန်ရောက်တော့ Shun သေသွားပြီဆိုတဲ့သတင်းကြားလိုက်ရပါတယ်။ Asuna ရဲ့ကျောင်းမှာလဲအစားထိုးဆရာတစ်ယောက်ရောက်လာပြီး မြေအောက်ကမ္ဘာအကြောင်းကို သင်ခန်းစာထဲထည့်သင်သွားတဲ့အချိန် Asuna မှာ နားလည်ရခက်တဲ့ ပုစ္ဆာတွေကို သိချင်တာတွေရှိလာတော့တယ်။ အဲဒီနောက်မှာ Asunaဟာ မြေအောက်လောက (မရဏလောက) ကိုခရီးသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ Shun က တကယ်ပဲသေသွားပြီလား အစာ…