By Any Means (2026)

By Any Means

Genres: Drama · Crime · History

By Any Means [2026] By Any Means (၂၀၂၆) ရုပ်ရှင်ကားလေးကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တကယ့်သမိုင်းဝင် ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ မှုခင်းနဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ ကားလေးပါ။ ဇာတ်လမ်းက ၁၉၆၀ ပြည့်လွန်နှစ်တွေက အမေရိကန်နိုင်ငံ တောင်ပိုင်း မစ္စစ္စပီ ပြည်နယ်မှာ အခြေတည်ထားပါတယ်။ အဲဒီအချိန်က တောင်ပိုင်းမှာ လူဖြူကြီးစိုးရေးဝါဒီ ကူကလပ်ကလန် အဖွဲ့တွေက လူမည်းတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အချိန်ပေါ့။ ၁၉၆၄ ခုနှစ် နွေရာသီမှာ လူမည်း အခွင့်အရေး လှုပ်ရှားသူ ၃ ယောက် ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်ကနေ ဇာတ်လမ်းစတင်ပါတယ်။ ဒီအမှုတွေကို စုံစမ်းဖို့ အက်ဖ်ဘီအိုင် က လူမည်း အေးဂျင့် ဝိန်းစတရိုက်ဒါ ကို တာဝန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒေသခံရဲတွေကရော၊ လူထုကပါ အကြောက်တရားကြောင့် ပူးပေါင်းမပါဝင်ကြပါဘူး။ တရားဥပဒေလမ်းကြောင်းအရ သွားလို့ မရတော့တဲ့အဆုံး အက်ဖ်ဘီအိုင် က နယူးယောက်က နာမည်ကြီး မာဖီးယား လူသတ်သမား ဂရက်ဂ် စကားပါး ကို လျှို့ဝှက် ငှားရမ်းပြီး စတရိုက်ဒါ နဲ့ တွဲဖက်ပေးလိုက်ပါတယ်။ တကယ့် သမိုင်းမှတ်တမ်းတွေအရလည်း အပြင်က ဂရက်ဂ် စကားပါး ဟာ အက်ဖ်ဘီအိုင် သတင်းပေးအဖြစ် အလုပ်လုပ်ခဲ့ပြီး ကူကလပ်ကလန်တွေကို နှိမ်နင်းရာမှာ ဒီလိုပဲ လျှို့ဝှက်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ စတရိုက်ဒါ က ဥပဒေဘောင်ထဲကနေ သန့်သန့်ရှင်းရှင်း အလုပ်လုပ်ချင်ပေမဲ့၊ မာဖီးယား ဂရက်ဂ် ကတော့ ကူကလပ်ကလန် အဖွဲ့ဝင်တွေကို ဖမ်းဆီး နှိပ်စက်ပြီး သတင်းနှိုက်တဲ့ ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို သုံးလာပါတယ်။ By Any Means ဆိုတဲ့ နာမည်အတိုင်း တရားမျှတမှုကို ရှာဖွေရာမှာ ရတဲ့နည်းနဲ့ လုပ်ဆောင်သင့်သလား ဆိုတဲ့ မေးခွန်းကို ဒီဇာတ်ကားမှာ သေချာလေး မီးမောင်းထိုးပြထားပါတယ်။ တရားဥပဒေမှာ ကန့်သတ်ချက်တွေ ရှိနေပေမဲ့ ဒီလူ…

You May Also Like