Breakout Brothers 3 (2022)

Breakout Brothers 3

Genres: Crime · Comedy

breakout brothers ရဲ့ တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Breakout Brothers နဲ့ Breakout Brothers ၂ တို့ကိုလဲတင်ဆက်ပြီးသားဖြစ်ပါတယ် တစ်ချိန်က အကျဉ်းသားတွေကို စောင့်ကြပ်ခဲ့တဲ့ ထောင်မှူးတစ်ယောက်ဟာ အခုတော့ သူကိုယ်တိုင် အဲဒီထောင်ထဲမှာ အကျဉ်းသားဖြစ်လာပါတယ်။ ထောင်ဖောက်ဖို့ ကြိုးစားပြီး မအောင်မြင်ခဲ့တဲ့ လူငယ်စီးပွားရေးသမားတစ်ယောက်ကလည်း သူ့ကို မြင်လိုက်တာနဲ့ နောက်တစ်ကြိမ် လွတ်မြောက်ဖို့ အခွင့်အရေးရပြီလို့ တွေးလိုက်ပါတယ်။ ဒါပေမယ့် ထောင်မှူးဟောင်းမှာလည်း သူ့ကိုယ်ပိုင် ရည်ရွယ်ချက် ရှိနေပါတယ်။ ဒီတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ အက်ရှင်၊ ဟာသနဲ့ မှုခင်းဇာတ်လမ်းကို ရောစပ်ထားတဲ့ ဟောင်ကောင်ဇာတ်ကား Breakout Brothers 3 ပဲ ဖြစ်ပါတယ်။ Breakout Brothers 2 ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ဒါရိုက်တာ Mak Ho-bon က ရိုက်ကူးထားပါတယ်။ Patrick Tam၊ Ron Ng၊ Kenny Wong၊ Justin Cheung နဲ့ Adam Pak တို့ ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကြာချိန် ၈၆ မိနစ်ရှိ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအညွှန်း >> အရင်တစ်ကြိမ် ထောင်ဖောက်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ Ho Chun ဟာ ကျန်နေတဲ့ ပြစ်ဒဏ်ကို ဆက်ကျခံဖို့ ထောင်ထဲ ပြန်ရောက်လာပါတယ်။ အဲဒီအချိန်မှာပဲ ထောင်မှူးဟောင်း Tang Hon-chung လည်း လာဘ်စားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး သူအရင်က အုပ်ချုပ်ခဲ့တဲ့ ထောင်ထဲကို အကျဉ်းသားအဖြစ် ရောက်လာပါတယ်။ ထောင်ရဲ့ အတွင်းအပြင်နဲ့ လုပ်ပုံလုပ်နည်းတွေကို ကောင်းကောင်းသိထားတဲ့ Tang ကို တွေ့လိုက်ရတဲ့အခါ Ho Chun က ဒီတစ်ကြိမ်တော့ သူတို့နှစ်ယောက် ပူးပေါင်းရင် လွတ်နိုင်မယ်လို့ ယုံကြည်ပြီး ထောင်ဖောက်ဖို့ စည်းရုံးပါတော့တယ်။ Tang ကလည်း သဘောတူလိုက်တာကြောင့် သူတို့နှစ်ယောက် အစီအစဉ်စဆွဲကြပါတယ်။ အဲဒီအစီအစဉ်ထဲမှာ Big Roller ကိုပါ အမှုဆင်ဖို့ ကြံစည်ထားကြတာပါ။…

You May Also Like