Blades of the Guardians: Wind Rises in the Desert (2026)

Blades of the Guardians: Wind Rises in the Desert

Genres: Drama · Action · History

Blades of the Guardians: Wind Rises in the Desert (2026) IMDb Rating (7.3) / Rotten Tomatoes (97%) တရုတ်သိုင်းကား ပရိသတ်တွေအတွက်ရော၊ နာမည်ကြီး Biao Ren (镖人) ကော်မစ်ဖတ်ဖူးတဲ့သူတွေအတွက်ပါ လုံးဝလက်လွတ်မခံသင့်တဲ့ ၂၀၂၆ ထွက် ဇာတ်ကားကြီး တင်ပေးထားပါပြီ။ ဒီကားက ကာတွန်းကို Live-action အနေနဲ့ ပြန်ရိုက်ထားတာဖြစ်ပြီး၊ ဒါရိုက်တာကတော့ The Matrix, Kill Bill နဲ့ Crouching Tiger, Hidden Dragon တို့မှာ Action Choreographer လုပ်ခဲ့သလို၊ Drunken Master လို ကားမျိုးတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာကြီး ယွမ်ဝူးပင်း (Yuen Woo-ping) ပါ။ သရုပ်ဆောင်တွေကလည်း မိုက်မှမိုက်ပဲ။ အဓိကဇာတ်ကောင် ဆုကြေးစားမုဆိုးကြီး တောက်မာ နေရာမှာ ဝူးကျင်း (Wu Jing) က သရုပ်ဆောင်ထားပြီး၊ နီကိုးလပ်စ်ဆဲ (Nicholas Tse)၊ ဂျက်လီ (Jet Li)၊ တိုနီလန် (Tony Leung Ka-fai) နဲ့ ကာရာဟွေ (Kara Hui) တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေပါ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ဆွေ့မင်းဆက် နှောင်းပိုင်းကာလကို အခြေခံထားတာပါ။ အရင်က အင်ပါယာရဲ့ အတော်ဆုံးတပ်ဖြစ်တဲ့ လက်ဝဲသူရမြင်းတပ် က ကိုယ်ရံတော်ဟောင်းဖြစ်ပြီး အခု နာမည်ကြီး ဆုကြေးစားသမားတစ်ယောက်ဖြစ်နေတဲ့ တောက်မာဟာ ရှောင်ချီဆိုတဲ့ တူလေးတစ်ယောက်နဲ့အတူ သွားလာနေတာကနေ စထားပါတယ်။ တစ်ရက်မှာတော့ တောက်မာကို အရင်က ကူညီဖူးတဲ့ မော့မျိုးနွယ်စုခေါင်းဆောင်ကြီးက အကူအညီတစ်ခုတောင်းပါတယ်။ အဲဒါကတော့ အင်ပါယာတစ်ခုလုံးက အလိုအရှိဆုံး နံပါတ်တစ် ဝရမ်းပြေးကြီး ကျီရှီလန်ကို ချန်အန်း မြို့ဆီ လုံခြုံရေးယူပြီး ပို့ပေးဖို့ပါပဲ။ ကျီရှီလန်ကိုဖမ်းမိရင် ရမယ့်ဆုကြေးငွေကလည်း မက်လောက်စရာဖြစ်နေတော့ လမ်းတလျှောက်မှာ သူတို့အဖွဲ့ကို မျက်စိကျပြီး လိုက်ဖမ်းမယ့် အခြားဆုကြေးစားသမားတွေ၊ အစိုးရတပ်တွေ၊ ဂိုဏ်းပေါင်းစုံက လူတွေနဲ့ အကြိတ်အန…

You May Also Like