Big World (2024)

Big World

Genres: Drama · Family

Big World (2024) IMDb Rating (7.0) ဒီတစ်ခုကတော့ Must Watch တွေထဲမှာထိပ်ဆုံးကပါပဲ။ ဇာတ်ကြောင်းကတော့ လျှိုချွင်းဟယ်ဆိုတဲ့ အသက်နှစ်ဆယ်အရွယ်ကောင်လေးက ဦးနှောက်အကြောသေရောဂါခံစားနေရပါတယ်။ ဉာဏ်ကောင်းပေမယ့် အဲ့ဒီရောဂါကြောင့် ပုံမှန်ကလေးတွေလို လူ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ အလုပ်ရဖို့ ကျောင်းကောင်းကောင်းတက်နိုင်ဖို့ အဆင်မပြေခဲ့ပါဘူး။ အပြင်လူတွေထက်ပိုဆိုးတဲ့ဒဏ်ရာကတော့ မိသားစုအတွက်ကိုယ်က၀န်ထုပ်၀န်ပိုးကြီးဖြစ်နေတာပါ။ဒီလိုရောဂါမျိုးတွေက မိသားစုအတွက်ကော ခံရသူအတွက်ပါအရမ်းခက်ခဲပါတယ်။ မိဘကိုလည်းငါ့ကိုဘာလို့ဒီလိုဖြစ်အောင်မွေးပေးခဲ့တာလည်းဆိုပြီးလည်း အပြစ်တင်မိတယ်။ သူ့အဖွားရောက်လာပြီးတော့ အဖွားရဲ့သူငယ်ချင်း‌‌တွေနဲ့တီးဝိုင်းမှာပါရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သူအားတက်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကောင်မလေးက သူ့အမေလိုမျိုးပဲသူ့‌အပေါ်လုံးလုံးကြီးနားလည်ပေးနိုင်တဲ့သူမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ လျှိုချွင်းဟယ်ပြောသလိုပါပဲ နေရောင်ခြည်မရောက်တဲ့အမှောင်မိုက်ဆုံးနေရာတွေမှာတောင် ရေညှိပင်လေးတွေက ပျိုနီပန်းလိုသိက္ခာရှိရှိပွင့်လန်းနိုင်အောင် သူ့အင်အားသူအသုံးချပြီး တိုက်ခိုက်နေကြတယ်တဲ့။ သူကိုယ်တိုင်ကလည်းအဲဒီလိုကြိုးစားရှင်သန်နေပေမယ့်လည်း အသက်နှစ်ဆယ်ကောင်လေးတစ်ယောက်အနေနဲ့ ဒီဒုက္ခတွေကိုဘယ်လောက်များဆက်ခံစားနိုင်မှာလဲ။ မသန်စွမ်းတစ်ယောက်ကို လူ့အဖွဲ့အစည်းရဲ့ဆက်ဆံပုံတွေကိုကွက်ကွက်ကွင်းကွင်း‌မြင်တွေ့နိုင်ပြီး မိသားစုတွင်းပြဿနာတွေကိုပါ သရုပ်ဆောင်ပိုင်ပိုင်နိုင်နိုင်နဲ့ချပြသွားတဲ့ကားပါ။ Cast တွေအနေနဲ့ကတော့ တော်တော်များများ Jackson Yee လို့သိကြမယ့် Chinese idol and actor ယိယန်ချန်းရှီပါ။ ချန်းရှီက သူ့ရဲ့ ML အနေနဲ့ပထမဆုံးကား Better days နဲ့တင် သရုပ်ဆောင်ပိုင်းမှာနေရာတစ်နေရာယူထားနိုင်ခဲ့ပြီး သူ့ထက်ဝါအများကြီးရင့်တဲ့မင်းသမီးကျိုးတုန်းယ…

You May Also Like