Avicii - I'm Tim (2024)

Genres: Music · Documentary
Avicii – I’m Tim (2024) IMDB – 7.9/10 EDM လောကမှာ Avicii ဆိုတာ မသိသူရှားပါတယ်။ EDM နားမထောင်လည်း သူ့ သီချင်းတွေကို ကြားဖူးနေကြမယ်ဆိုတာလည်း သေချာပါတယ် Wake Me Up တို့ The Nights တို့ Waiting for Love တို့ စသဖြင့် အများကြီးပါ။ Avicii ဆိုတာ အဓိပ္ပာယ်အပြည့် သီချင်းကောင်းတွေနဲ့အတူ ချန်ရစ်ပြီး စောစောစီးစီး အရွယ်ကောင်းနဲ့ ကြွေလွင့်ခဲ့ရတဲ့ အနုပညာသမားကောင်းတစ်ယောက်ပါ။ ၂၀၁၇ ခုနှစ်မှာတုန်းကလည်း သူ့အကြောင်း Documentary တစ်ကား ထွက်ခဲ့ပါသေးတယ်။ ဒီကားမှာတော့ ငယ်ဘဝတုန်းက မှတ်တမ်းတွေရော မိတ်ဆွေတွေရဲ့ အမှတ်တရတွေကို ပြန်ပြောပြ ဇာတ်ဖော်ထားပြီး အစုံအလင်ပါဝင်ထားပြီး ပိုပြီး ပြည့်စုံစေတယ်လို့ မြင်မိပါတယ်။ ငယ်ရွယ်စဉ်ဘဝမှာ EDM ကို ဘယ်လိုထိတွေ့ခဲ့ပြီး ဘယ်လိုမျိုး စလုပ်ဖြစ်ခဲ့တာတွေ။ ဘယ်လိုမျိုး အောင်မြင်ခဲ့တာတွေ။ အောင်မြင်လာတဲ့အလျောက် ဘယ်လိုမျိုး ဆိုးကျိုးတွေကို ခံစားရပြီး ဘာဖြစ်ခဲ့သလဲဆိုတာကို တင်ဆက်ထားတာပါ။ Tiesto တို့ Alesso တို့ David Guetta တို့ Coldplay အဆိုတော် Christ Martin တို့ စသဖြင့် နာမည်ကျော်တွေလည်း ပါဝင်ထားတာကို မြင်ရပါဦးမယ်။ Avicii ဆိုတာ ထာဝရတည်တံ့စေမယ့် သီချင်းတွေ ဖန်တီးချင်တယ်တဲ့ တကယ်လည်း လူသေသွားခဲ့ပေမဲ့ သီချင်းတွေက ခုထိရှင်ကျန်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်က EDM သမားတစ်ယောက်ပါ ကျွန်တော့်အတွက် ဘဝမှာ အနှမြောဆုံးတစ်ခု ပြောရမယ်ဆိုရင် Avicii ကို အပြင်မှာ Liveset မကြည့်ခဲ့လိုက်ရတာပါပဲ။ အခုချိန်ထိ တချို့ EDM သီချင်းတွေ နားထောင်မိလို့ သူတီးခဲ့တာလေးတွေနဲ့ ဆင်နေရင် ဒါက Avicii စတိုင်ပါလားဆိုပြီး ဒီလောကမှာ ပြောစမတ်တွင်ရလောက်အောင် သမိုင်းချန်ထားခဲ့သူပါ။ အဲဒါကလည်း သူ America မှာ ဒီ Folk, Rock, Blue ဆန်ဆန်လေးတွေနဲ့ House ကို တွဲလုပ်လိုက်တာက ပိုပြီး ထူးခြားသွားစေတယ် ပြောရမယ်။ သူ့အနေနဲ့ True ရယ် Stories ရ…