Antarctic Journal (2005)

Antarctic Journal

Genres: Mystery · Horror · Thriller

Antarctic Journal (2005) ************************* IMDb Rating (6.5) ဒီ Antarctic Journal ရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ တောင်ကိုရီးယားရဲ့ သည်းထိတ်ရင်ဖို၊ စိတ်ပညာဆိုင်ရာ ထိတ်လန့်ခြောက်ခြားဖွယ် (Survival Psychological Horror) ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီကားဟာ မကြာသေးခင်က ပြသသွားတဲ့ Mad Concrete Dreams ရဲ့ ဒါရိုက်တာ Yim Pil-sung ရဲ့ ပထမဆုံးသော လက်ရာဖြစ်ပြီး ဇာတ်လမ်းနှင့် ဇာတ်ညွှန်းကိုတော့ Parasite ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Bong Joon Ho က ရေးသားထားတာဖြစ်ပြီး Song Kang-ho, Yoo Ji-tae, Park Hee-soon အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ အန္တာတိတ်တိုက်ရဲ့ လက်လှမ်းမီဖို့ အခက်ခဲဆုံး ဝင်ရိုးစွန်းအမှတ် (Pole of Inaccessibility) ကို ရောက်အောင်သွားဖို့ ကြိုးစားနေတဲ့ ခေတ်သစ်ကိုရီးယား တောင်တက်အဖွဲ့တစ်ဖွဲ့ရဲ့ ကြမ်းတမ်းခက်ခဲလှတဲ့ ခရီးစဉ်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ -ဇာတ်လမ်းအကျဉ်း- ကိုရီးယားနိုင်ငံရဲ့ အန္တာတိတ်တိုက် လေ့လာရေးအဖွဲ့ဟာ လူသူမနီးတဲ့ ရေခဲပြင်ကြီးတွေကြားမှာ 'လက်လှမ်းမီဖို့ အခက်ခဲဆုံး ဝင်ရိုးစွန်းအမှတ်' (Inaccessibility Pole - P.O.I) ကို ရောက်အောင်သွားဖို့ ရည်မှန်းချက် ထားခဲ့ကြပါတယ်။ အဖွဲ့ခေါင်းဆောင် ချွဲဒိုဟျောင်း (Song Kang-ho) ရဲ့ ဦးဆောင်မှုနဲ့အတူ ခရီးနှင်နေရင်း လမ်းခုလတ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က ဗြိတိန်လေ့လာရေးအဖွဲ့တစ်ခု ထားရစ်ခဲ့တဲ့ နေ့စဉ်မှတ်တမ်းစာအုပ် (Journal) တစ်အုပ်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ပါတယ်။ ထူးဆန်းတာကတော့ အဲဒီမှတ်တမ်းထဲက ရေးသားချက်တွေနဲ့ ပုံရိပ်တွေဟာ လက်ရှိ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ထိတ်လန့်ဖွယ်ကောင်းအောင် တူညီနေတာပါပဲ။ အလွန်အမင်း အေးစက်လှတဲ့ ရေခဲပြင်ကမ္ဘာထဲမှာ အဖွဲ့ဝင်တွေဟာ တစ်ယောက်ပြီးတစ်ယောက်…

You May Also Like