Anbil Avan (2026)

Anbil Avan (2026) အချစ်အိမ် မင်းသားAshok Selvan နဲ့ မင်းသမီး Preity Mukhundhan တို့ရဲ့တမီးလ် အချစ်အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။၇ နှစ်ကြာ ချစ်သူသက်တမ်းကို ဖြတ်သန်းပြီး မိဘတွေရဲ့ သဘောမတူမှုကြားကနေ လက်ထပ်ခဲ့ကြတဲ့ ဆူရ်ယာ နဲ့ အီယယ်လ်။သူတို့ဟာ ကြယ်ငါးပွင့်ဟိုတယ်မှာ ပင်ပန်းကြီးစွာ အလုပ်လုပ်နေရတဲ့ ဘဝကနေ ရုန်းထွက်ချင်ခဲ့ကြသူတွေပါ။ အီယယ်လ်ရဲ့ အိပ်မက်ဖြစ်တဲ့ သစ်ပင်ပန်းမန်တွေ ဝေဆာနေတဲ့ ရှေးဟောင်းစတိုင် Homestay လေး ဖွင့်နိုင်ဖို့ စုဆောင်းထားသမျှ ငွေတွေအကုန်ပုံအောပြီး တောင်ပေါ်မြို့လေးက သမိုင်းဝင် ဘန်ဂလိုအိမ်ကြီးတစ်လုံးကို အခက်အခဲမျိုးစုံကြားကနေဝယ်ယူခဲ့ကြပါတယ်။ အစပိုင်းမှာ ရိုမန်းတစ်ဆန်ဆန် ကြည်နူးစရာကောင်းခဲ့တဲ့ သူတို့ရဲ့ ဘဝလေးဟာ အဲဒီ ဒေသက အကျင့်ပျက်အဖွဲ့အစည်းတစ်စုနဲ့ မထင်မှတ်ဘဲ ထိပ်တိုက်တွေ့မိသွားတဲ့အခါ အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။အန္တရာယ်များတဲ့ ဒေသခံ လွှတ်တော်အမတ်၊ အမြတ်ထုတ်တတ်တဲ့ ရှေ့နေနဲ့ အကျင့်ပျက် ရဲအုပ်တို့ရဲ့ တိုက်ခိုက်မှုတွေကြားမှာ အေးအေးဆေးဆေး နေထိုင်တတ်တဲ့ ခင်ပွန်းဖြစ်သူ ဆူရ်ယာတစ်ယောက် ဇနီးသည်နဲ့ ကိုယ့်အိမ်ဂေဟာကို ကာကွယ်ဖို့အတွက် ဘယ်လို ပြန်လည်ရင်ဆိုင် တိုက်ခိုက်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် Romantic Action Thriller ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size… 5.56 GB / 1.6 GB / 937 MB Quality…WEB DL 4k HEVC / 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 38m Subtitle….Myanmar Subtitle (Hard Sub)